
လူတစ်သန်းခန့်နေနိုင်မည့်ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ဖန်ပိရမစ်ပုံစံကို ဒူဒိုင်းအခြေစိုက် ကုမ္မဏီတစ်ခုက ဖန်းတီးခဲ့ကြောင်းသိရသည်။
Zigguratဟု အမည်ရှိ ခောတ်သစ် လူနေပိရမစ် အဆောက်အအုံသည်တပ်ဆင်ထားသည့်လေရဟတ်များက
ထုတ်လွှတ်သည့် စွမ်းအင်ကိုသာသုံးစွဲမည်ဖြစ်သောကြောင့် ကာဗွန်ထုတ်လွှတ်မှု ရှိမည်မဟုတ်ပေ။
၂(ဒ)၃စတုရန်း ကီလိုမီတာမျှကျယ်ဝန်းသည့်အဆောက်အအုံတွင်း၌ ကားသုံးစွဲလို့ရမည်မဟုတ်ဘဲဒေါင်လိုက်ရော၊
အလျားလိုက်ပါသွားလာနိုင်မည့် ရထားလမ်းသွယ်ငယ်များကိုအသုံးပြုမည်ဖြစ်သည်။
အဆောက်အအုံးတွင်း လုံခြုံရေးအတွက် ဇီဝမက်ထရစ်နည်းပညာသုံးစွဲပြီး မျက်နှာပုံရိပ်ဖမ်းစနစ်ဖြင့် နေအိမ်များ
အတွင်းဝင်ရောက်နိုင်မည်ဟုသိရသည်။
အဆောက်အအုံအတွင်း၌ လူများသက်တောင့်သက်သာ နားနေနိုင်မည့်နေရာများ
ပါရှိမည်ဖြစ်သည်။ (ဗဟုသုတမျှဝေပါသည်)
No comments:
Post a Comment