ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, September 8, 2008

“ထွင်လိုက်ပြန်ပြီအွန်လိုင်းသော့”

နည်းပညာတွေကတော့ထွင်လို့ကိုမဆုံးနိုင်သလို လူသားတွေကိုလည်းအများကြီး အကျိုးပြုပါတယ်။
ယခုလည်း မိမိအိမ်တံခါးကို အင်တာနက်နှင့်မိုဘိုင်းလ်ဖုန်း(သို့)ကွန်ပျူတာချိတ်ဆက်ကာ အဝေးမှ ဖွင့်နိုင်၊
ပိတ်နိုင်မည့် အွန်လိုင်းသော့တစ်မျိုးကို အမေရိကန်ပြည်ထောင်စု၊ ဒန်ဗာမြို့မှပြပွဲတစ်ခုတွင်ပြသခဲ့ကြောင်း
ဖတ်လိုက်ရသည်။ ဗဟုသုတအဖြစ် အားလုံးကိုထပ်ဆင့်ဝေမျှလိုက်ပါသည်။
Ingersoll-rand ကုမ္မဏီကထုတ်လုပ်သည့် အွန်းလိုင်းသော့ကို CEDIA Expo တွင်ပြသခဲ့ခြင်းဖြစ်သည်။
အိမ်တံခါးပိတ်ရန် မေ့တတ်သူများ၊ သော့ပျောက်မည်စိုးသောကြောင့် ကလေးကိုသော့မပေးလိုသော မိဘများ
စသည်ဖြင့် အားလုံးသောလူအများအတွက် အထူးအသုံးဝင်မည်ဖြစ်သည်။
အိမ်တံခါးများကို အင်တာနက်ချိတ်ဆက်ထားသော မိုဘိုင်းလ်ဖုန်း၊ ကွန်ပြူတာများမှနေပြီး ၀န်ဆောင်မှုပေးသည့်
ဝက်ဘ်ဆိုက်ကို ဖွင့်ကာ စကားဝှက်နှင့်အသုံးပြုသူအမည်ရိုက်ထည့်ကာ ဖွင့်နိုင်၊ပိတ်နိုင်မည်ဖြစ်သည်။
သော့နှင့် ကွန်ရက်ချိတ်ဆက်မှုနည်းပညာအတွက် ၂၉၉ဒေါ်လာ ကျသင့်မှာဖြစ်ပြီး လစဉ်ဝန်ဆောင်စရိတ်မှာ
၁၃ဒေါ်လာ ပေးရမည်ဖြစ်သည်။ လာမည့်အောက်တိုဘာလမှစတင်ပြီး အွန်လိုင်းသော့များကိုရောင်းချ
သွားမည်ဖြစ်ကြောင်း သိရသည်။ (ဗဟုသုတမျှဝေပါသည်)

No comments: