သမ်းဝေခြင်းသည် ရိုင်းပျသော အမူအရာဟု ထင်စရာရှိသော်လည်း အမှန်မှာမူ ခန္ဓာကိုယ်က နိုးနိုးကြား ကြားရှိ နေစေရန် အစွမ်း ကုန်ကြိုးစား လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသေနတစ်ခုက ဆို သည်။
သမ်းဝေလိုက်ခြင်းဖြင့် ဦးနှောက်သို့ လေအေးများ ရောက်ရှိသွားစေပြီး သမ်းဝေသူကို နိုးနိုးကြားကြားဖြစ်လာ စေရန် အထောက်အကူ ဖြစ်စေသည်ဟု ကျောင်းသား ၄၄ ဦးတို့ကို သုတေသန ပြုလုပ်ခဲ့သော စိတ္တဗေဒပညာရှင်များ က ကောက်ချက်ချ ပြောဆိုခဲ့သည်။
ထို့ကြောင့် သမ်းဝေခြင်းသည် အိပ်ချင်ငိုက်မျဉ်းခြင်းကို မြှင့်တင်ပေးခြင်း မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာသွားစေ ခြင်းသာ ဖြစ်ကြောင်း "ဆင့်ကဲဖြစ်စဉ် ဆိုင်ရာ စိတ္တဗေဒပညာရပ်" လေ့လာ ချက်တစ်ရပ်က ဆိုသည်။
လူတစ်ဦးတစ်ယောက် သမ်းဝေ သည်ကို မြင်ရသောအခါ အခြားသူများကပါ သမ်းဝေလိုသည့်ဆန္ဒဖြစ်ပေါ် ခြင်းသည် အန္တရာယ်နှင့်ကြုံတွေ့ရချိန်တွင် အုပ်စုလိုက် နိုးနိုးကြားကြားရှိနေ စေရန် သဘာဝ၏လုပ်ဆောင်ချက် တစ်မျိုးပင် ဖြစ်သည်ဟု အဆိုပါ သုတေသနက ဆိုသည်။
လူတို့ သမ်းဝေခြင်းသည် အောက်ဆီဂျင်ကို လိုအပ်သောကြောင့်ဖြစ်သည်ဟု ယေဘုယျအထင်ရှိတတ်ကြသော် လည်း နယူးယော့ခ်မြို့ အယ်လ်ဘာနီ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာချက်အရမူ လူ၏သွေး အတွင်း အောက်ဆီဂျင်၊ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက် အတက်အကျသည် သမ်းဝေခြင်းကို ဖြစ်ပေါ် စေခြင်း မရှိဟု တွေ့ ရှိရသည်။(ဗဟုသုတဝေမျှပါသည်)
No comments:
Post a Comment