မကြာသေးမီ ရက်ပိုင်းအတွင်းက မိုက္ကရိုဆော့ဖ်ကနေ ၎င်းရဲ့ Internet Explorer 8 ဒုတိယမြောက် public beta version သစ်ကို ဖြန့် ချိလိုက်ပြီ ဖြစ်တဲ့အကြောင်း သိရပါတယ်။ ပရိုဂရမ်ရဲ့ interface က Internet Explorer 8 Beta 1 နဲ့ အတူတူဖြစ်ပြီး Page နဲ့ Tool တို့ အကြားမှာ Security pull-down menu တစ်ခုကို ထပ်ထည့်ပေးထားပါတယ်။
ဒီ browser သစ်ဟာ phishing ၀က်ဘ်ဆိုက်တွေကို block ပြုလုပ်ပေးနိုင်ရုံမျှမက မိမိလက်ရှိ ၀င်ရောက်ကြည့်ရှုနေတဲ့ ဒိုမိန်းအမည်အပေါ် highlight ပြုလုပ်ပေးထားတာကြောင့် တိုက်ခိုက်သူတွေကနေ ၎င်းတို့ရဲ့ ၀က်ဘ်ဆိုက်ဆီ အလိုအလျောက် redirect လုပ်ပြီး အတုအယောင် ၀က်ဘ်ဆိုက်ဆီခေါ်သွားတာ ဟုတ် မဟုတ် အလွယ်တကူသိရှိနိုင်ကြ မှာဖြစ်ပါတယ်။ IE8 အတွင်း Corss-Site Scripting တိုက်ခိုက်မှုတွေကို အကာအကွယ်ပြုပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုလည်း ပါရှိလာတာကို တွေ့ရပါတယ်။ ဒီ cross-site scripting နည်းလမ်းကိုသုံးပြီး hacker တွေအနေနဲ့ အသုံးပြုသူတွေရဲ့ browser ထဲ script တွေကို run ကာ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ IE8 ရဲ့ filter က ၀က်ဘ်စာမျက်နှာထဲက cross-site scripting request တွေကို block ပြုလုပ်ကာ ကျန်အကြောင်းအရာတွေကို ဖော်ပြပေးနိုင်မယ့် စနစ်လို့ ဆိုထားပါတယ်။ InPrivate လို့ အမည်ပေးထားတဲ့ လုပ်ဆောင်ချက်သစ်က အင်တာနက်ကြည့်ရှုနေစဉ်အတွင်း browser ကနေ အလိုအလျောက် cache လုပ်နေမှုကို ခဏကြာရပ် ဆိုင်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ် ဆောင်ချက်က မိမိလက်ရှိကြည့်ရှု နေတဲ့ ၀က်ဘ်ဆိုက်နဲ့ပတ်သက်ပြီး cache မလုပ်ဖို့ ဒါမှမဟုတ် brow- ser cache အားလုံးကို ရှင်းလင်း ပစ်ဖို့ ရွေးချယ်နိုင်မှာဖြစ်တာကြောင့် အင်တာနက်ဆိုင်တွေကနေ အ သုံးပြုရတဲ့အခါမျိုးတွေမှာ အဓိက အသုံးဝင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် IE8 အတွင်း လုံခြုံ ရေးအပိုင်းမှာ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာတွေကိုလည်း တွေ့ရပါတယ်။ ဒီ Beta 1 version အတွင်း အသုံးပြုသူ တစ်ဦးချင်းစီအတွက် administrator priviledge ရှိနေစရာမလိုဘဲ ActiveX component တွေကို install လုပ်ထားနိုင်မယ့်အပြင် drive-by download တွေကနေ တိုက်ခိုက်မှုမျိုးကိုလည်း အကာအကွယ်ပြုပေးထားမှာ ဖြစ်ပါတယ်။ အခုဖြန့်ချိလိုက်တဲ့ IE8 Beta အတွင်း browser က နေတစ်ဆင့် malware ပရိုဂရမ်တွေနဲ့ တိုက်ခိုက်လာနိုင်မှုတွေကို အကာအကွယ် ပြုပေးနိုင်မယ့် လုပ်ဆောင်ချက်သစ်လည်း ထည့်သွင်းပေးထားတဲ့အကြောင်း သိရပါ တယ်။
http://www.microsoft.com/windows/internet-explorer/beta/default.aspx
No comments:
Post a Comment