်
စက်တင်ဘာ(၁၀)ရက်ညပိုင်း၌ အမေရိကန်၏ရန်ဘက် ဗင်နီဇွဲလားနိုင်ငံသို့ ဆင်းသက်ရောက်ရှိလာသည့် ရုရှားနိုင်ငံမှ TU-160 အမျိုးအစားဗုံးကြဲလေယာဉ်အား တွေ့ရစဉ်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရုရှား-အမေရိကန်ဆက်ဆံရေးနှင့် ဗင်နီဇွဲလား-အမေရိကန်ဆက်ဆံရေးမှာ တင်းမာလျက်ရှိကြသည်။
ထိုပြင် ဗင်နီဇွဲလားသမ္မတက အမေရိကန်သံအမတ်ကြီး ပက်ထရစ်ဒူဒီအား နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ပေးလိုက်ပြီး အမေရိကန်ရှိ ဗင်နီဇွဲလား သံအမတ်ကြီးကိုလည်း ပြန်လည်ခေါ်ယူရန် ညွှန်ကြားထားသည်။
ဗင်နီဇွဲလားနိုင်ငံ သမ္မတဖြစ်သူ ဟူဂိုချားဗက်စ်က အမေရိကတိုက်တွင် အမေရိကန်တို့ လွှမ်းမိုးနေမှုမှာ အဆုံးသတ်တော့မည်ဟု ရုပ်မြင်သံကြားမှတဆင့် ပြောကြားသွားသည်။ ယခုကဲ့သို့ ရုရှားဗုံးကြဲလေယာဉ်များ အမေရိကတိုက်သို့ ရောက်ရှိလာမှုမှာ စစ်အေးကာလ အရှိန်အမြင့်ဆုံးအချိန်တွင် ကျူးဘားသို့ ရုရှားလေယာဉ်များ ဆင်းသက်ခဲ့ပြီး ပထမဆုံးအကြိမ်ဖြစ်သည်။ ရုရှားနိုင်ငံ။ မော်စကိုမြို့အခြေစိုက် မဟာဗြူဟာစောင့်ကြည့်ရေးဌာနမှ အလက်ဇန်းဒါး ကိုနိုဗာလော့ဗ်က ရုရှားဗုံးကြဲလေယာဉ်များ ဗင်နီဇွဲလားသို့သွားရောက်ခဲ့မှုမှာ ရုရှားနိုင်ငံ၏ သြဇာကို ဖြန့်ကျက်နိုင်ရန်သာ ရည်ရွယ်သည်ဟု ပြောကြားသွားသည်။ ဗင်နီဇွဲလားသည် ရေနံလုပ်ငန်းနှင့် ချမ်းသာသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။
ယခုကဲ့သို့ Tu-160 များရောက်ရှိလာမှုကြောင့် ၀ါရှင်တန်-မော်စကို အစိုးရများအကြား ဆက်ဆံရေးမှာ အဆိုးရွားဆုံး ဖြစ်လာဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။ (သတင်းမျှဝေပါသည်)
No comments:
Post a Comment