ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, September 14, 2008

"အလွမ်းနေ့ "

ချစ်သူရေ
မင်းနဲ့ဝေးတဲ့ ဒီအလွမ်းနေ့လေးမှာ...
ငှက်ကလေးတွေလည်း ကျူးရင့်လို့ တေးမသီဘူး
လေညှင်းလေးလည်း တိုးဝှေ့လို့ မကျီစယ်ဘူး
စမ်းချောင်းလေးလည်း အေးမြလို့ မစီးဆင်းဘူး
ပန်းကလေးတွေလည်း မွှေးပျံ့လို့ သင်းရနံ့မလှိုင်ဘူး
ပျားပိတုန်းတွေလည်း ၀ဲပျံလို့ ၀တ်ရည်မစုပ်ဘူး
မြက်ခင်းစိမ်းကြီးလည်း ယိမ်းနွဲ့လို့ မကခုန်တော့ဘူး
ကိုယ့်နှလုံးသားလေးလည်း မွန်းကျပ်လို့ အသက်ရှူမ၀ဘူး
ရင်ခုန်သံတွေလည်း တိမ်းစောင်းလို့ စည်းချက်မမှန်ဘူး
အချစ်ကမ္ဘာလေးလည်း မှိုင်းညှို့လို့ တိမ်မည်းတွေနဲ့အတူ
အလွမ်းမိုးတွေ စွေနေတယ်ဆိုတာ မင်းသိပါရဲ့လား ချစ်သူ......( maylay )

No comments: