လူတိုင်း အသက်ရှင်နေသမျှ တစ်ခုခုတော့ ရှာနေကြရတယ်။ ပညာရှာရင် ရှာ၊ မရှာရှင် ဥစ္စာရှာ တစ်ခုခုတော့ ရှာနေကြရတာပါပဲ။ ဘဝ ရပ်တည် ရေးဆိုတာ အရေးကြီးလာတော့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု ဘဝ ရပ်တည် နိုင်ရေးကို ကြိုးပမ်း လာကြရတယ်။ လူ့ဘဝမှာ ...
ဆင်းရဲခြင်းဆိုတာ ရှိတယ်၊ ချမ်းသာခြင်းဆိုတာ ရှိတယ်။ 'ဆင်းရဲခြင်း' ဆိုတာကို 'ငွေမရှိ၊ ပစ္စည်းမရှိ၊ အခြေခံလိုအပ်တဲ့ ပိုင်ဆိုင်စရာ ဘာပစ္စည်းမျှ မရှိခြင်း'လို့ စွယ်စုံကျမ်း တစ်စောင်မှာ ဖွင့်ဆိုထားတာ ဖတ်လိုက်ရပါတယ်။
ကမ္ဘာ့ဘဏ်က 'ဆင်းရဲသားတွေရဲ့ အသံ'ဆိုတဲ့ အစီအစဉ်နဲ့ ဆင်းရဲတဲ့ လူပေါင်း နှစ်သောင်းကျော်ကို နိုင်ငံပေါင်း (၂၃)နိုင်ငံမှာ လိုက်ပြီး သုတေသန ပြုကြည့်တယ်။ ဆင်းရဲရခြင်း အကြောင်းတွေကို သူတို့ က ဒီလို ထုတ်ပြန်ပေးထားတယ်။
- မရေရာတဲ့ အသက်မွေးမှုတွေ လုပ်ကြတယ်
- မနေသင့်တဲ့ အရပ်တွေမှာ နေကြတယ်
- သဘာဝတရားက ချမ်းသာမပေးတဲ့ အရပ်ဒေသတွေမှာ နေကြတယ်
- ယောက်ျား မိန်းမ ဆက်ဆံရေးတွေ ရှုပ်ထွေးလွန်းတယ်
- လူမှု ဆက်ဆံရေး ရှုပ်ထွေးလွန်းတယ်
- လုံခြုံမှုမရှိဘူး
- အာဏာ အလွဲသုံးခြင်း ခံနေရတယ်
- ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေ အားနည်းလွန်းတယ်
- လုပ်စားကိုင်စား နိုင်စွမ်းတွေကို အကန့်အသတ်နဲ့ ချုပ်ချယ်ထားတယ်
- လူ့ဘောင် အဖွဲ့အစည်းမှာကိုက အားနည်းချက်တွေ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

No comments:
Post a Comment