ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, September 17, 2008

“ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ပါ”




ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ပါ ဆိုသည့် စကားက တရုတ် ကွန်မြူနစ် ခေါင်းဆောင် ဥက္ကဋ္ဌမော်စီတုန်း၏ စကားလုံး ဖြစ်သည်။ အင်မတန် လှသော စကားလုံးလည်း ဖြစ်သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်လျှင်

ဘယ်မှာလာ၍ စစ်ပွဲတွေ ရှိနိုင်အံ့နည်း။ စစ်ပွဲတွေ၊ ရန်ပွဲတွေကို ရပ်ပစ်နိုင်သော နည်းလမ်းမှာ ရန်သူကို မိတ်ဆွေဖြစ်အောင် ကြိုးပမ်းရေးပဲ ဖြစ်သည်။ 'မော်'သည် ရန်သူကို မိတ်ဆွေဖြစ်အောင် ကြိုးပမ်းကာ တရုတ်ပြည်သစ်ကို ထူထောင်ခဲ့သူ ဖြစ်သည်။ 'မော်'အတွက် ထိုသို့ ကြိုးပမ်းရာတွင် အခက်အခဲများစွာ ရင်ဆိုင် ဖြတ်သန်းရမှာ သေချာသည်။ မည်သို့ဖြစ်စေ 'မော်'သည် သူ၏ စကားလုံးကို သူ အကောင်အထည် ဖော်သွား နိုင်ခဲ့သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် ကြိုးပမ်းကြရာတွင် အခြေအနေချင်း၊ အနေအထားချင်း၊ သဘာဝချင်း ကွာခြားမှု ရှိနိုင်မည် ဖြစ်သော်လည်း ရန်သူကို မိတ်ဆွေ ဖြစ်ရေးအတွက် ကြိုးပမ်းခြင်းသည် ကောင်းသော လက္ခဏာ ဖြစ်သည် ဆိုခြင်းကိုကား ကျွန်တော်တို့ ငြင်းဖွယ်ရာ မမြင်ပါ။ 

No comments: