ကြက်သွန်ဖြူသည် ဆေးဝါးများအကျိုးသက်ရောက်သလို သွေးတိုးကျခြင်းကို ဖြစ်စေနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။
သိပ္ပံပညာရှင်များသည် နိုင်ငံတကာလေ့လာမှု ၁၁ ခု ကို ကြည့်ရှုခဲ့ကြပြီး ထိုလေ့လာမှုထဲတွင် လူနာများအား သုံးလမှ ငါးလအတွင်း နေ့စဉ် ကြက်သွန်ဖြူ ဖြည့်စွက်စာမှုန့်ကိုပေးခြင်းလည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့ပေးရာတွင် လူနာများ၌ သွေးတိုးသည် သိသိသာသာကြီး ကျဆင်းသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
အချို့လူနာများတွင် အများသိအောင်မြင်နေသော သွေးတိုးကျဆေးများကဲ့သို့ အလားတူ အာနိသင်ရှိကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူသည် ဘီတာတားဆေး၊ အက်ဆီတိုင်းကိုလင်းဖျက်သော ဇီဝဓာတ်ကူပစ္စည်းအား တားဆီးဆေး၊ ဆန့်ကျင်ဆေးများ ကဲ့သို့ပင် အကျိုးကျေးဇူးရှိကြောင်း တောင်သြစတြေးလျ အေဒီလိုင်ဒီတက္ကသိုလ်မှ ဒေါက်တာကရင်ရိဒ်က ပြော ကြားခဲ့သည်။
(ဗဟုသုတဝေမျှပါသည်)
No comments:
Post a Comment