
အောက်တိုဘာလ(၁)ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုအများစုဟာ မည်မျှပင်ဆင်းရဲချို့ငဲ့သည်ဖြစ်စေ သူတို့၏မိသားစုကိုတွယ်တာကြတယ်။
သူတို့၏အိမ်ကိုခင်တွယ်တက်ကြပါတယ်။ သူတို့ဟာရပ်ရွာကိုခုံမင်ကြပြီး သူတို့ပတ်ဝန်းကျင်ကိုသာနှစ်ခြိုက်မြတ်နှိုး
ကြသူများဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် သူတို့ချစ်ခင်သောအရာတွေနဲ့ဝေးကွာနေရသောသက်ကြီးရွယ်အိုအဘို၊အဘွားများ
ဟာစိတ်အားငယ်ခြင်း၊ စိတ်ကျရောဂါရခြင်း စသောစိတ်ပိုင်းဆိုင်ရာဝေဒနာများကိုခံစားရတက်ပါတယ်။
မိမိတို့ဟာမြန်မာလူမျိုးများဖြစ်သည်နှင့်အညီ ဂါဝရတရားကိုလက်ကိုင်ပြုကာမိမိတို့၏အနီးနားတွင်ရှိသော
သက်ကြီးရွယ်အိုအဘိုး၊အဘွားများကို တက်နိုင်သလောက်ဖေးမကူညီပေးသင့်ပါတယ်။
ဒါန-ပေးကမ်းခြင်း၊ ပိယ၀ါစာ-ချစ်ဖွယ်စကားဆိုခြင်း၊ အတ္တစရိယ-အကျိုးဆောင်ခြင်း၊ သမ္မာနတ္တတာ-မိမိနှင့်တန်းတူ
ဆက်ဆံခြင်းဟူသော “သင်္ဂဟတရားလေးပါး”သည်လူမှုဝန်ထမ်းစိတ်ဓာတ်၏ အခြေခံတရားပင်ဖြစ်သည်။
မည်သည့်ပုံစံမျိုးဖြင့်ကူညီပေးသည်ဖြစ်စေ လူမှုဝန်ထမ်းစိတ်ဓာတ်အရင်းခံဖြင့်သာဆောင်ရွတ်ပေးသင့်ပါသည်။
ရှေးမြန်မာဘိုးဘွားများထံမှကောင်းမြတ်သောလူမှုဝန်းထမ်းစိတ်ဓာတ်အမွေရရှိထားသော ကျွှန်တော်တို့အနေဖြင့်သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးတာဝန်ကို စိတ်ရောကိုယ်ပါ ထမ်းရွတ်ကြရန် တာဝန်ရှိပါသည်။
အိုနာသေရေးဟူသော ဘေးဒုက္ခသုံးပါးသည် လူသားတိုင်းရင်ဆိုင်ကြုံတွေ့ရမည့် သင်္ခါရတရားဖြစ်သည်။
အိုခြင်းတရားကို မည်သူကမျှ ဟန့်တားလို့မရနိုင်ခြင်းကြောင့် ဘိုးဘွားရိပ်သာများတွင်
“သင်လည်း ဤသို့ အိုရအံ” “သင်လည်း တစ်နေ့ မုချအိုရမည်” ဟူသောသတိပေးစာတန်းဆိုင်းပုဒ်များနှင့်အတူ
“မအိုခင်က၊အိုဒုက္ခကို
တွေးဆစာနာ၊ကရုဏဖြင့်
ဝေဆာတင့်ဆန်း၊စေတနာပန်းများ
ပွင့်သင့်ပြီ” အစရှိသော သံဝေဂလင်္ကာများဖြင့်စေ့ဆော်ထားသည်ကိုရောက်ဖူးသူတိုင်းတွေ့မြင်နိုင်ပါသည်။
သို့ဖြစ်ပါသောကြောင့် အားလုံးသောလူများအနေဖြင့် သက်ကြီးရွယ်အိုများအပေါ် မေတ္တာ၊ကရုဏာ၊စေတနာ၊
အကြင်နာအပြည့်ဖြင့် စာနာဆပွားအလေးထားလျက် ကူညီပြုစုစောင့်ရေုာက်ကြရန် တိုက်တွန်းရေးသားဖော်ပြလိုက်ပါတယ်။ (oval)
No comments:
Post a Comment