ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, October 1, 2008

“လူအမျိုးမျိုးရှိသည်”

လောကကြီးတွင်သင်ကြုံတွေနေရသောလူအမျိုးမျိုးရှိသည်။
ကိုယ်နှင့်အတူ ရှိနေသောအချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ်အတွက်အမြဲချန်ထားတတ်ပြီး
ရာသီဥတုအေးလျှင် အနွေးထည်ဝပ်ဖို့၊ အပြင်ထွက်လျှင် အစအရာရာသတိနှင့်နေဖို့ ဂရုတစိုက်အမြဲမှာတက်သည်။
တစ်ခါတစ်ရံ သူတို့ပြောသောအပြောများကို ကိုယ်ကနားပူသည်ဟုထင်ခဲ့သော်လည်း စိတ်ထဲတွင်မှု နွေးထွေးသော
မေတ္တာကိုခံစားရသည်။ ကိုယ်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင်ပိုက်ဆံရှာရသည်မှာမည်မျှခက်ခဲကြောင်း
ပိုက်ဆံ၏တန်ဖိုးကိုပြောပြနေတက်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။

အမှားအမှန်ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမနေတက်ပြီး သားသမီးအရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွန်တက်သည်။
စည်းကမ်းတွေချမှတ်ပေးတက်ပြီး ဗဟုသုတများကို မျှဝေပေးတက်သည်။ ဆူပူကြိမ်းမောင်းခြင်းမှာလည်း
လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။

တစ်ခါတစ်ရံကိုယ်နှင့်ရန်ဖြစ်တက်ပြီး စကားနိုင်လည်းလုတက်သေးသည်။ ကိုယ့်ဝေစုကိုလုစားတက်ပြီး
မိဘကိုလည်းအတိုင်အတောလုပ်တက်သေးသည်။ သို့သော် ကိုယ့်ကိုတစ်ခြားလူများထက်ပို ပိုချစ်ပြီး၊ပိုဂရုစိုက်
တက်သည်။ အရေးကြုံပါကသွေးနီးကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။

မတွေ့မမြင်ရလျှင်လွမ်းနေတက်ပြီး တွေ့ပြန်လျှင်ရင်တွေခုန်ကာ ဆွံအနေတက်သည်။ စိတ်ထဲ၊ အတွေးထဲတွင်
အမြဲလွှမ်းမိုးနေတက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိမ်မက်ထဲထိကြီးဆိုးနေတက်သည်။
ကိုယ့်အတွက်အလှအပဆုံးနှင့် အချိုမြိန်ဆုံးပန်းသီးလေး တစ်လုံးလိုပင်။ ဟုတ်မယ်ထင်ပါသည်။ (:P)
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။

တခြားလူမသိသောကိုယ်၏လျိုဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသောအချိန်တွင် ရှင်းပြတက်ပြီး
ကိုယ်အမှားလုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှရပ်တည်ပြီးဝန်ခံပေးတက်သည်။ အားငယ်သောအချိန်တွင်
အားပေးတက်ပြီးဝမ်းနည်းနေသည့်အချိန်များတွင် နှစ်သိမ့်တက်သည်။ ကိုယ်အဆင်ပြေလျှင်သူ့ကိုမေ့နေတက်ပြီး
အဆင်မပြေသောအချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နားထောင်ပေးတက်သည်။(ကျွှန်တော်ပေါ့)
ကိုယ်နှင့်အတူရှိနေမည့် အချိန်များကချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတက်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

မိဘ၏ဆိုဆုံးမမှုနှင့် နွေးထွေးသောမေတ္တာအောင်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏သွန်သင်ဆုံးမမှု အောက်တွင် အမှားအမှန်ကိုခွဲခြားတက်လာခဲ့သည်။ မောင်နှမများ၏ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ
ရယူတက်လာခဲ့သည်။ ချစ်သူ၏ကြင်နာယုယမှု အောက်တွင် အချစ်စစ်ကို ရှာဖွေတက်လာပြီး သူငယ်ချင်းများ၏
ကူညီမှုယောက်တွင် ဘ၀၏ တက်လမ်းကို ရွေးချယ်တက်လာခဲ့သည်။ ထိုသူများသည် ကိုယ့်ဘ၀ထဲသို့
ဧည့်သည်တစ်ယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင်ထွက်သွားကြသည်။ သူတို့သည် ဘ၀ကို အသိညဏ်
နှင့်ဗဟုသုတတိုးပွားအောင် ကူညီးပေးကြသည်။ ဘ၀ကိုပျော်ရွှင်မှုများဖြင့်စိုပြည်စေခဲ့သည်။ ထိုသူများကို
ကျေးဇူးတင်ကြောင်းလှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံတွင်မေ့နေတက်သည်။
ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်ပါသည်။ (oval)

No comments: