
နိုင်ငံကျော်စာရေးဆရာ ဗေဒင်ဆရာကြီးမင်းသိင်္ခသည် ၂၀၀၈ ခုနှစ် သြဂုတ် ၁ရက် နံနက် ၆နာရီတွင် ကွယ်လွန်သွားပါသည်။
တစ်ဘ၀လုံးရင်းနှီး၍ တန်ဖိုးထားခဲ့ သော အိန္ဒိယနိုင်ငံ ကာလ ကတ္တားတက္ကသိုလ်က Doctor of Astrology ဘွဲ့ကိုပင် ဆရာ မင်းသိင်္ခ ကိုယ်တိုင်ကိုယ်ကျ သွား၍ မယူနိုင်တော့ပါ။ 2009 Doctor of Astrology ဖြစ်သော ဆရာမင်းသိင်္ခ ၂၀၀၉ ကိုပါ အမှတ်တရ ထားရစ်ခဲ့ပါသည်။
ဆရာမင်းသိင်္ခ၏ ပထမဆုံးသော ၀တ္ထု မနုစာရီနှင့် ပုဏ္ဏားဘကွန်း၊ ပရော်ဖက် ဆာ ဒေါက်တာဆိတ်ဖွား၊ ဖြစ်ချင်တာဖြစ် မောင်ဘချစ်၊ ပျားစွဲသောမုတ်ဆိတ်၊ ဆားပုလင်း နှင်းမောင် ၀တ္ထုများအပါအ၀င် စာအုပ်ပေါင်းတစ်ရာကျော်ရှိပါသည်။
ဆရာမင်းသိင်္ခမှာ ၁၉၃၉ခုနှစ် ဇွန် ၂၅ရက်၊ တနင်္ဂနွေနေ့တွင်မွေးဖွားသည်။ အဖ-ပန်းချီဆရာ ဦးစံရှိန်၊ အမိ-ဒေါ်တင်တို့၏ သားရတနာဖြစ်သော ဆရာမင်းသိင်္ခက ရန်ကုန်-ကျောက်မြောင်းသား စိန်ပေါလ်ကျောင်းထွက်ဖြစ်သည်။ ဆရာမင်းသိင်္ခ ၏ ဘ၀က စုံလှသည်။ တပ်သားဘ၀၊ တောတွင်းဘ၀၊ ဗေဒင်ဆရာဘ၀၊ စာရေးဆရာဘ၀၊ လူ့ဘ၀ဇာတ်ခုံ အဖုံဖုံကို အစုံအလင်နီးပါး ကခဲ့ဖူးသူလည်း ဖြစ်သည်။
သြဂုတ် ၅ရက်တွင် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ် ကြောင်း သိရပါသည်။ (သတင်းမျှဝေပါသည်)
No comments:
Post a Comment