ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, September 3, 2008

“လူတို့၏အရိုးပြာများသည်ဝင်းလက်တောက်ပသောစိန်များအဖြစ်”


လူတွေဟာ အဆုံးသတ်တစ်နေ့မှာတော့ သေကြရမည်သာဖြစ်သည်။ သေသည်နှင့် မီးသင်္ဂြိုဟ်ခံရပြီး အရိုးပြာများအဖြစ် ကူးပြောင်းကာ သူ့ဘ၀နိဋ္ဌိတံရတော့သည်။ သို့ရာတွင် အချို့ လူတို့၏ အရိုးပြာများသည် ၀င်းလက်တောက်ပသော စိန်များအဖြစ် ထာဝရဖြစ်တည်သွားမည်ဆိုပါလျှင် ယုံနိုင်ပါမည်လားမသိချေ။ လူ့အရိုးပြာ၏ ၈၅ရာခိုင်နှုန်းတွင် ကယ်လ်ဆီယမ်နှင့် ပိုတက်ဆီယမ်တို့ ဖွဲ့စည်းပါဝင်နေလျက်ရှိသည်။ ယင်းသည် ကာဗွန်ဒြပ်စင်မှ ပထမဦးစွာ ထွက်ပေါ်လာသော အရာများဖြစ်သည်။ ကာဗွန်ကို အတင်းအကျပ်ဖိသိပ်၍ အပူပေးပါက ဂရက်ဖိုက်ကိုရရှိစေပြီး ဂရက်ဖိုက်ကို ထိုထက်ပို၍ ဖိသိပ်အပူပေးပါက စိန်များရရှိစေနိုင်မည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွက် ရက်သတ္တခြောက်ပတ်မှရှစ်ပတ်အထိ ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၆၀၀၀ မှ ၂၂၅၀၀ အထိ ကုန်ကျမည်ဟုဆိုသည်။ (ဗဟုသုတမျှဝေပါသည်)

No comments: