ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, October 13, 2008

“သီတင်းကျွတ်ဆိုသည်မှာ”

သီတင်းကျွတ်လသည် မြန်မာလ ၁၂လတွင် သတ္တမမြောက်လဖြစ်ပါသည်။ မြန်မာရာသီခွင်တွင် တူရာသီဖြစ်သည်။စန်းပြည့်နက္ခတ်မှာ အဿဝဏီနက္ခတ်ဖြစ်၍ ယှဉ်သောတရားမှာ ကျီးတာရာဖြစ်သည်ဟု ဆိုပါသည်။ရာသီရုပ်မှာ ချိန်ခွင်ကိုင်ကုန်သည်ရုပ်ဖြစ်ပြီး ရာသီပန်းမှာ ကြာပန်းဖြစ်ပါသည်။ သီတင်းကျွတ်လတွင် ရာသီပွဲတော်အဖြစ် ဆီမီးထွန်းပွဲတော်ကို ပြုလုပ်လေ့ရှိပြီး မီးမြင်းမိုလ်ပွဲ (သို့ မဟုတ်) တာဝင်္တံသာပွဲဟုလည်း ခေါ်ဆိုလေ့ရှိကြသည်။ သီတင်းကျွတ် လပြည့်နေ့ သည် ရဟန်းတော်များ ၀ါမှထသောနေ့ ၊ပ၀ါရဏာပြူကြသောနေ့ ၊မြတ်ဗုဒ္ဒသည် တာဝင်္တံသာနတ်ပြည်၌ ၀ါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာ တရားတော်ကို အောင်မြင်စွာဟောကြားတော်မူနိုင်ခဲ့ သောနေ့ (သို့ မဟုတ်) အဘိဓမ္မာအခါတော်နေ့ ၊နတ်၊လူ၊ဗြဟ္မာတို့ မြတ်စွာဘုရားအား အတူတကွ ကော်ရော်ပူဇော်ကြပြီး ဘုရားဆုကို ပန်ဆင်တော်မူကြသော နေ့ စသည့် ဂုဏ်ထူးဝိသေသအသီးသီးတို့ ဖြင့် ပြည့်စုံသောနေ့ ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့ သည် တာဝင်္တံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားကိုအကြောင်းပြု၍ အဘိဓမ္မာကျမ်း(ဓမ္မသင်္ဂဏီ၊၀ိဘင်း၊ဓာတုကထာ၊ပုဂ္ဂလညတ်၊ယမိုက်၊ပဌာန်း)ကို ဟောတော်မူပြီးနောက် တာဝင်္တံသာတွင် ပ၀ါရဏာပြု၍ လူ့ ပြည်သို့  ပြန်လည်ကြွချီတော်မူလာသည်ကိုအကြောင်းပြု
လျက် ယင်းနေ့ ကို အဘိဓမ္မာနေ့ ဟုလည်းခေါ်ကာ အဘိဓမ္မာပူဇော်ပွဲ ကျင်းပလေ့ရှိပါသည်။
လူပုဂ္ဂိုည်များနှင့်မသက်ဆိုင်သော ရဟန်းတော်များအနေဖြင့် ပ၀ါရဏာပွဲကို ပြုလုပ်လေ့ရှိပါသည်။
ပ၀ါရဏာဆိုသည်မှာ တောင်းပန်တိုက်တွန်းခြင်း ဖိတ်ကြားခြင်းဖြစ်ပါသည်။
ဗုဒ္ဒဘာသာဝင် သူတော်စင်များ သိသင့်သိအပ်ပေသော အရာဟုထင်အပ်ပါသည်။

No comments: