ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, October 5, 2008

“လူ့သက်တမ်းကိုရှည်စေပြီး ကင်ဆာရောဂါကိုပါ တားဆီးပေးနိုင်မည့် နည်းလမ်းသစ်ရှာဖွေတွေ့ရှိ”


လူသား၏သက်တမ်းကို ရှည်စေနိုင်ပြီး ကင်ဆာရောဂါကိုပင် ကာကွယ်တားဆီးနိုင်သည့် မျိုးရိုးဗီဇဆိုင်ရာ ရှာဖွေတွေ့ရှိမှုအသစ် တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သိပံ္ပပညာရှင်များသည် စမ်းသပ်မှုများကို ကြွက်များဖြင့်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့သည် ကြွက်များ၏သက်တမ်းကို ၄၅ ရာခိုင်နှုန်း ပိုရှည်အောင် ပြုလုပ်နိုင်ခဲ့ပြီး ကျုမာ (အဖု၊ အကျိတ်၊ မြင်း) ဖြစ်ပွားခြင်းမှလည်း ကင်းဝေးစေကြောင်း သိရသည်။
သုတေသီများသည် ထိုနည်းပညာအား လူသားများ၏သက်တမ်းကို ရှည်စေနိုင်ဟု ယုံကြည်ခဲ့ကြသည်။ ဖြစ်ကောင်းဖြစ်နိုင်ခြေမှာ နှစ်၂၀ အတွင်းဖြစ်ကြောင်း သိရသည်။ အကြောင်းမှာ အဆိုပါမျိုးရိုးဗီဇများမှာ သဘာဝအားဖြင့် ကြွက်များနှင့် လူသားများတွင် ပါရှိနေကြပြီး အလားတူ လုပ်ဆောင်မှုမျိုးနှင့် အနေအထားရှိကြောင်း မျှော်လင့်ထားကြသည်။

No comments: