မပြောဝူးနော်။ :D လေ့လာလိုရအောင်ပါ...
A = စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး၊ ဝေဖန်ခံနိုင်စွမ်းရည် အားနည်းကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြသည်။ တစ်ဦးဆိုတစ်ဦး စွဲ၂လန်း၂ ဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါရလျှင် အခြားသူများထက် ပိုရွေ့ ခံစားရတတ်သည်။
B = မိမိတို့နေတတ်သလို စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူ တတ်ကြသည်။ အချုပ်အချယ်မခံလိုဘဲ လွတ်လပ်စွာ နေလိုစိတ်ပြင်းပြကြသလို ဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်း ရှိကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့၂ဆ၂ သဘောထားတတ်ကြသလို မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်၊ ဦးစားပေးတတ်ရွေ့ ချစ်သူတို့၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
O = လွန်စွာ ပြင်းထန်သော၊တိကျသော၊ပြတ်သားသော သူများ ဖြစ်ကြပြီး၊ ရည်မှန်းချက် ကြီးမားကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသလို .. အားသွန်ခွန်စိုက် ဆောင်ရွက်တတ်ကြ၏။ အချစ်ရေးနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုမိမိ အချစ်ကြီးသည်၊ အစွဲအလန်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပဲ ချစ်သူနှင့် ခွဲခွါရလျှင် မကြာခင် ဖြေဖျောက်နိုင်သူများ ဖြစ်ကြသည်။
AB - အရာ၂ကို မျှ၂တ၂ ဝေဖန်ပိုင်းခြားဆင်ခြင်တတ်ကြပြီး၊ မိမိသဘော ဆန္ဒ သက်၂ကို မကြည့်ဘဲ အများ၏ ဆန္ဒကို ဆောင်ရွက်တတ်ကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်အိမ်မက် မက်လွန်းသူများ ဖြစ်ကြသည်။ အခြေအနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။

No comments:
Post a Comment