ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Saturday, October 4, 2008

“ကမ္ဘာ့ဆရာများနေ့”


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့ဆရာများနေ့ကို(၁၉၆၆ ခုနှစ်အောက်တိုဘာ ၅ရက်နေ့) မှစ၍သက်မှတ်ခဲ့သဖြင့်
ယခုအောက်တိုဘာ ၅ရက်နေ့တွင် ၄၂ နှစ်မြောက်သို့ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
ကျွှန်တော်တိုနှိုင်ငံတွင် ၂၀၀၂ ခုနှစ် အောက်တိုဘာ ၅ရက်နေ့မှစ၍ နှစ်စဉ်နှစ်တိုင်းကမ္ဘာ့ဆရာများနေ့ကို နိုင်ငံတော်အဆင့်အနေဖြင့် သတ်မှတ်ကျင်းပခဲ့သည်ဟုသိရပါသည်။
ဆရာဆိုသည်မှာ အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင်များဖြစ်ကြပါသည်။ မြန်မာ့ယဉ်ကျေးမှု့တွင် ဆရာ၏ဂုဏ်ကျေးဇူးကို အလွန်တန်ဖိုးထားကြပါသည်။ ဆရာသမားကို မိမိတို့၏အမိအဖကဲ့သို့ ခံယူထားကြပါသည်။
အမိအဖ ကိုပင် လက်ဦးဆရာ ဟုသတ်မှတ်ကြပါသည်။ လက်ဦးဆရာဖြစ်သော မိဘကောင်းပါလျှင် သားသမီးများ
ထွန်းပေါက်ကြသည်ဟုဆိုပါသည်။
မြတ်စွာဘုရားမှလွဲ၍ လူသားတိုင်းသည်ဆရာရှိကြသည်ဟုကြားဘူးပါသည်။ ဆရာကူမှလူဖြစ်သည်ဟုလည်း
ဆိုကြပါသေးသည်။
“ဆရာ”များသည် “ပညာကိုလည်းသင်၊လူကိုလည်းပြင်” ဆိုသကဲ့သို့ စိတ်ပိုင်း၊ရုပ်ပိုင်း ဆိုင်ရာများကို ပြုပြင်ပေးကြပါသည်။
“ဆရာ” များသည်သူတို့၏ကရုဏာတရား၊အကြင်နာတရား၊ မေတ္တာတရားများကိုပေးစွမ်းသူများဖြစ်ကြပါသည်။
“ဆရာ” များသည်ထာဝရတည်ရှိနေမည့်အရာဖြစ်ပါသည်။
“ဆရာ” များသည်လူ့ဘ၀တွင် မြင့်မြတ်သောတာဝန်ဝတ္တရားများကို ဆောင်ရွတ်နေကြသူများဖြစ်ပါသည်။
“ဆရာ” များ၏ဘ၀ကို ဂုဏ်ရည်အမြင့်ဆုံးသောဘ၀သခင်ကျေးဇူးရှင်ဥယျာဉ်မှုး၊ ဘ၀လမ်းကြောင်းမတိမ်းစောင်းရအောင်အမှောင်ခွင်းသည့်အလင်းရှင်၊ ဘ၀ပဲ့ကိုင်ဆီးမီးတိုင်၊
ပန်းကိုမြတ်နှိုးပန်းပျိုးလက် စသည်ဖြင့်တင်စားခေါ်ဆိုကြသဖြင့် ဆရာဂုဏ်၊ဆရာကျေးဇူး ဖော်ကျုး၍မကုန်နိုင်ပါ။
မိမိ၏၀ါသနာအလျောက်ဆရာအဖြစ် ခံယူကာ မိမိတပည့်များအား စာပေပညာတက်မြောက်ထူးချွှန်ရုံသာမက
လူ့ဘ၀တစ်လျောက်လုံး ရပ်တည်နိုင်အောင် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာကိုပါ မိမိဘ၀ကို အရင်းတည်ကာ
ပြုစုပျိုးထောင်ပေးလျက်ရှိကြသည့် ကမ္ဘာ့ဆရာ၊ မြန်မာ့ဆရာ အားလုံးတို့အား ဤကမ္ဘာ့ဆရာများနေ့တွင်
ဦးခိုက်ဂုဏ်ပြုလိုက်ရပါသည်။ ကျွှန်တော်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးစိတ်ကျမ်းမာလို့
ကိုယ်ကျမ်းမာစွာဖြင့် သက်တော်ရာကျော်ရှည်ကြပါစေ။ (oval)

No comments: