ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, October 5, 2008

“ရုရှား၏ ဆွဲဆောင်မှုအပြင်းဆုံး နိုင်ငံရေးသမားဆု ပူတင် ဒုတိယရ”


ရုရှားနိုင်ငံ၏ Sex & the City မဂ္ဂဇင်းတွင် ညှို့ဓာတ်အရှိဆုံး နိုင်ငံရေးသမားများ ရွေးချယ်ရာ၌ ရုရှားသမ္မတဟောင်း ဗလာဒီမာပူတင်က ဒုတိယနေရာမှ အရွေးခံခဲ့ရကြောင်း သိရသည်။
Sex & the City မဂ္ဂဇင်းမှ ရုရှားနိုင်ငံ၏ ဆွဲဆောင်မှုအပြင်းဆုံး နိုင်ငံရေးသမားများ အယောက် ၂၀ ရွေးချယ်ခဲ့ရာ ပထမနေရာ၌ အတိုက်အခံခေါင်းဆောင်ဟောင်း ဘောရစ်နမ်ဆော့ဗ်က ထိပ်ဆုံးမှရပ်တည်ခဲ့သည်။ ၀န်ကြီးချုပ်ပူတင်က ဒုတိယနေရာ၌ တည်ရှိခဲ့သည်။ ပူတင်၏ ယောက်ျားဟန်ပီသသော အသွင်အပြင်ကြောင့် ရုရှားအမျိုးသမီးများအကြား အကြိုက်များလှသော်လည်း မဂ္ဂဇင်းမှ မဲပေးရွေးချယ်မှုတွင် ပူတင်သည် ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။ လွန်ခဲ့သောနွေရာသီက ၀န်ကြီးချုပ်ပူတင်သည် ဆိုက်ဘေးရီးယား၊ တူဗားဒေသ၌ အပေါ်ပိုင်း ဗလာကျင်းကာ ငါးမျှားနေခဲ့သည့် ဓာတ်ပုံများကို ပြည်တွင်းသတင်းစာများမှ အရေးတယူ ဖော်ပြခဲ့၍ ရုရှားအမျိုးသမီးပြည်သူများမှာ အထူးနှစ်သက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

No comments: