

အခုပြောမည့်အချက်များဟာ ကျွန်တော်ကျွမ်းကျင်လို့ပြောကြားခြင်းများမဟုတ်ကြောင်း
ပဏာမအနေဖြင့် ပြောပါရစေ…။ဘလော့များထဲမှာ ကောင်းနိုးရာရာများကို စုစည်းတင်ပြသည်ဟု
ဆိုလျှင် ပို၍မှန်ကုန်ပေလိမ့်မည်…။ဝေဖန်ချက်များလည်း ရေးသားနိုင်ပါသည်.။
ကျွန်တော် ဘလော့တွေကို ဖတ်ဖြစ်ခဲ့ပါတယ်…ဘလော့ဆိုသည်များမှာ ဟုတ်သည်များရှိသလို ၊
မဟုတ်သည်များလည်းရှိတက်ပါသည်…စာပေ၀ါသနာအိုးများ သိပါလိမ့်မည်…။ အခုချိန်မှာ
အများဆုံးစိတ်ထဲမှာ စိတ်အ၀င်စားဆုံးဟုသတ်မှတ်နိုင်သော အချက်တစ်ချက်ရှိ
ပေသည်…။ထိုအချက်ကို ကျွန်တော်ဖတ်လိုက်ရသည့်အတွက် ကျွန်တော့်သူငယ်ချင်းများလည်း
ကျွန်တော့်နည်းတူသိစေချင်သည့်အတွက် မျှဝေခံစားခြင်းဖြစ်ပါသည်…။
ထူးခြားချက်တစ်ခုကို ကျွန်တော်ဖတ်မိလိုက်ပါတယ်…၂၀၁၂ ဆိုတဲ့စကားလုံးကိုပြောလိုက်
မယ်ဆိုလျှင် စာဖတ်သူများ အတော်အသင့် သိပြီးလောက်ပြီဖြစ်ပါတယ်…။
လူတော်တော်များများလည်းစိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ်… ဘာလို့လဲဆိုတော့
ယခုဆိုလျှင်ပင် ၂၀၀၈ ကိုရောက်လို့ နှစ်ကုန်ပိုင်းသို့ပင်ရောက်လာပြီမဟုတ်ပါလော…လူတို့မည်
သည် မရောက်သေးသော ကာလကို တွေး၍ပူတက်သော အလေ့အထရှိတက်ပါသည်…။
ကျွန်တော်သိသလောက်ကို ပြောရမည်ဆိုလျှင်….
ကျွန်တော်တို့နေထိုင်သော ကမ္ဘာဂြိုလ်ပါဝင်သော နေအဖွဲ့အစည်းနှင့်လုံးဝမျှမသက်ဆိုင်သော
အာကာသအတွင်းမှာ အရာဝတ္ထုတစ်ခုအကြောင်းဖြစ်ပေသည်..။
သူ၏အမည်မှာ Nibiru ဟုခေါ်ပါသည်..။ သူသည် ကျွန်တော်တို့ နေမိသားစုထဲမှာမဟုတ်ဘဲ
နေကို နှစ် ၃၆၀၀ကို တစ်ပတ်ပတ်လေ့ရှိပေသည်..။1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။
သူ၏လည်ပတ်သော လမ်းကြောင်းပုံမှာ ဘဲဥပုံဖြစ်ပြီး နေကိုတစ်ပတ်ပြည့်ရန် နှစ်ပေါင်း
(၃၆၀၀)တိုင်အောင်ကြာမြင့်ပေသည်…။
ကျွမ်းကျင်သောသုတေသီများပြောကြားချက်များအရဆိုလျှင် Nibiru သည် ၂၀၁၂တွင်ကမ္ဘာ့
၏ပတ်လမ်းကြောင်းနှင့်အနည်းငယ် ရှုတ်ထွေး၍ လည်ပတ်နိုင်ဖွယ်ရှိပေသည်…။ ထို့အပြင် သူ၏
လည်ပတ်ပုံမှာ ကမ္ဘာ့လည်ပတ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟုလည်းဖေါ်ပြထားခြင်းကို တွေ့ရှိရပေ
သည်..။
Nibiru ၏လည်ပတ်သည်ပတ်လမ်းကြောင်းကို စာဖတ်သူများ မြင်နိုင်ရန်အတွက် ဖတ်မိသောဘလော့
ထဲမှာ ပုံတစ်ပုံကိုတင်ပြပေးလိုက်ပါသည်..။ ပုံ(၂) ဖြစ်ပါသည်။
ထိုအရာဝတ္ထုသည် ၂၀၀၉ သို့ရောက်လျှင် ကမ္ဘာပေါ်မှာပင်လျှင် မြင်နိုင်ဖွယ်ရှိသည်ဟုလည်း
အတိအလင်းပြောကြားထားပေသည်..
သိမြင်သူများပြောပုံအရဆိုလျှင် ၂၀၀၉ခုနစ်မှစ၍ Nibiru သည် ကမ္ဘာဆီသို့သိသိသာသာရွေ့
လျားလာမည်ကို ကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့နိုင်ဖွယ်ရှိသည်…၂၀၀၉ ခုနှစ် မေလ ၁၅တွင်
ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သို့သော် ၂၀၀၉တွင်
အားလုံးသောလူများမြင်ရအုန်းမယ်မဟုတ်ဘဲ ကမ္ဘာ့တောင်ဘက် အဖျားစွန်းပိုင်းမှာသာလျှင် တွေ့
အုန်းမည်ဖြစ်သည်..။သို့သော်မကြာပါ… ၂၀၁၁ ခုနှစ်မေလလောက်ဆိုလျှင် ကမ္ဘာပေါ်မှာရှိသော အားလုံးသောလူအများသည် Nibiru ကို မျက်ဝါးထင်ထင်တွေ့ရှိရပေလိမ့်မည်…။
ကျွန်တော်တို့ငယ်ငယ်က စာသင်တုန်းက ကျွန်တော်တို့တွင် နေတစ်စင်းသာရှိသည်ဟုသင်
ခဲ့ရပေမယ်…သို့သော် ၂၀၁၁ဆိုလျှင် ကျွန်တော်တို့တွင် နေနှစ်စင်းကိုပိုင်ဆိုင်တော့မည်ဖြစ်သည်..
Nibiru သည် ဒုတိယ နေမင်းအဖြစ် လ ပမဏအရွယ်အစားလောက်ရှိနေသောအရွယ်အထိသို့ပင်
ကျွန်တော်တို့ မြင်ရပေမယ်ဖြစ်သည်..။
အခုလောက်ဖတ်ပြီးပြီဆိုလျှင် စာဖတ်သူတို့စိတ်ထဲတွင် အတွေးလေးနည်းနည်းတော့ဝင်
ရောက်နေပြီဟုသတ်မှတ်လို့ရလောက်ပါပြီ..။
ကျွန်တော်တို့ မြန်မာတို့တွင်အယူအဆတစ်ခုရှိပေသည်… အဖကို နေမင်း၊ အမိကို လမင်းဟု တင်စားကြသည်မဟုတ်ပါလော…ထို့ကြောင့် ၂၀၁၂ဆိုလျှင် မွေးဖွားလာသောကလေးများတွင် အဖ
၂ ယောက်ရှိလာမည်လား…။ (မဆိုင်သော်လည်း စာဖတ်သူများ ဖတ်နေရင်းခေါင်းပူလာမည်ဆိုးသော
ကြောင့် ဟာသလေးနှောလိုက်ခြင်းဖြစ်ပေသည်…။ :P)
ဆက်ရေးရမည်ဆိုလျှင် …
ကျွန်တော် Nibiru ဆိုတဲ့အရာဝတ္ထုကို ဧည့်သည်အဖြစ်သတ်မှတ်ချင်ပါသည်… ကျွန်တော်တို့
တွင်ရှိသော စကားပုံတစ်ခုကိုပြောချင်ပါသည်.. ဧည့်သည်လာအိမ်ရှင်ဖယ်ပေးရသည်ဆိုသောစကားပုံ
ပင်ဖြစ်သည်..ဧည့်သည်ဟူသောအမျိုးမှာ ကောင်းသောလာခြင်းဘဲဖြစ်စေ ၊ မကောင်းသောလာခြင်း
ဘဲဖြစ်စေ အိမ်ရှင်တို့က ဖယ်ပေးရစမြဲပင်ဖြစ်သည်…။
Nibiru ဆိုသော အရာဝတ္ထု သည် အဘယ်ဆီမှလာမှန်းမသိသကဲ့သို့ အဘယ်ဆီသို့သွားမယ်
မှန်းမသိသော ဧည့်သည်ဖြစ်ပေသည်…တင်ပြချက်များအရသာဆိုလျှင် Nibiru သည် ကမ္ဘာအပါအ၀င်
နေအဖွဲ့အစည်းအတွက် ကောင်းသောလာခြင်းမဟုတ်သော ဧည့်သည်ဖြစ်ကြောင်း သိသာနေပေပြီ..။
ထိုသို့သော ဧည့်သည်၏ဒဏ်ကို အခံရဆုံးမှာလည်း ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာပင်ဖြစ်သည်..။
အချိန်ကို ဘယ်ဂြိုလ်များ ဘယ်လောက်ကြာကြာ ပတ်၍ဖြတ်သွားပါစေ သတိထားမိမည်မဟုတ်ပေ..။
သို့သော် ယခုကျွန်တော်တို့ဆီသို့ လာရောက်လည်ပတ်မည့်ဧည့်သည် သည် ကျွန်တော်တို့ကမ္ဘာ
လည်ပတ်နေသော အရပ်မျက်နှာနှင့် ဆန့်ကျင်၍လည်ပတ်ကာ အလည်လာမယ့်သူဖြစ်ပေသည်..။
ကျွန်တော်တို့ ၊စာဖတ်သူတို့ကြားဖူးနားဝရှိသောစကားတစ်ခွန်းရှိပေလိမ့်မည်…။ အိမ်တစ်အိမ်
တွင် သားသမီး ဆိုးလွန်းလျှင် မိဘများသုံးလေ့ရှိသောစကားတစ်ခွန်းဖြစ်ပါသည်..။(မင်းဟာ ငါတို့ မိသားစုအတွက်တော့ဂြိုလ်ဆိုးဘဲ ) လို့ပြောလေ့ပြောထစကားသံကို စာဖတ်သူများ ကြားဖူးပေလိမ့်
မည်…ယခင်က ကျွန်တော်သည် ဂြိုလ်ဆိုးဟူသောစကားကို ကြားသာလျှင်ကြားဖူးပေသည်..သို့သော်
ယခုဆိုလျှင် ဂြိုလ်ဆိုးဟူသော အရာကိုလည်းမျက်ဝါးထင်ထင်မကြာမီတွေ့ရှိရတော့မည်ဟု တွေး
တောနေမိပါပြီ..ကျွန်တော်ယခုတော့သိလိုက်ပါပြီလေ… ဂြိုလ်ဆိုးဟူသည်မှာ- လူများအကျိုးအတွက်
သော်လည်းကောင်း ၊ ကိုယ့်ကိုယ်ကျိုးအတွက်သော်လည်းကောင်း အထောက်အကူမပြုနိုင်သောသူ
ကိုခေါ်ဆိုသည်ဟု မှတ်ထားလိုက်ပါပြီ…ထို့ကြောင့် ကျွန်တော်လည်း Nibiru ကို ပြောလိုက်ချင်ပါ သည်..။
Nibiru ရေ…
မင်းဟာ ငါ့တို့ကမ္ဘာအတွက် ကံကောင်းခြင်းတွေမပေးဘဲလာမယ့် ဂြိုလ်ဆိုးပါလားကွာ…လို့
အော်ဟစ်ကာ ပြောလိုက်ချင်ပါသည်…။
စာဖတ်သူများကို ဖြဲခြောက်သည်ဟု မပြောစေလိုပါ… ကျွန်တော်လည်းကျွမ်းကျင်သူများ၏
ရေးသားချက်များကို မှီငြမ်းပြီးမှ ရေးသားထားခြင်းများကြောင့် ၂၀၁၂တွင်ဖြစ်လာမည့်အဖြစ်အပျက်
များဟာ မှန်ကန်မည်ဟုတစ်သမတ်တည်း ပြောနိုင်ခြင်းမရှိပေ..အဘယ်ကြောင့်ဆိုသော်ကျွန်တော်က
ဗေဒင်ဆရာမဟုတ်ခြင်းကြောင့်သာဖြစ်သည်…။
ဖြဲခြောက်သည်ဟု ဆိုလျှင် ဆိုပါစေတော့..နည်းနည်းတော့ထပ်မံ၍ပြောချင်ပါသေးသည်…။
Nibiru သည် ဒုတိယ နေမင်းဖြစ်လာသောအချိန်တွင် သူ့ထံမှာကြီးမားလှသောဆွဲငင်အားကြောင့်
ကမ္ဘာပေါ်တွင် ငလျင်အကြီးအကျယ်လှုပ်နိုင်ဖွယ်ရှိပေသည်…ထို့လောက်နှင့်မပြီးသေးပေငလျင်ဒဏ်
ကြောင့် ရေကြီးမှုများကိုလည်း နေရာအနှံအပြားတွင်တွေ့မြင်ရအုန်းပေမည်...အခြေအနေကဒီလောက်
တင်လား…မဟုတ်သေးပေ..။
အဆိုးဆုံးအခြေအနေမှာ ၂၀၁၃ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ (မှတ်မှတ်ရရ ထိုနေတွင်ချစ်သူများ နေ့ဖြစ်သည်…ကမ္ဘာပေါ်ရှိ ချစ်သူစုံတွဲများ ထိုနေ့တွင် ပျော်ရွင်နိုင်ပါ့မလား..) ပင်ဖြစ်သည်…အဘယ်
ကြောင့်ဆိုသော် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာသည် ထိုနေ့တွင် ဆွဲငင်အားအသီးသီးရှိကြသော
နေ နှင့် Nibiru တို့၏အလယ်သို့ရောက်ရှိသွားမည်ဖြစ်သည်… ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်းဖို့
အလားအလာကိုမြင်ယောင်မိပါသည်..ထို့အပြင် Nibiru သည် ကမ္ဘာနှင့်ဆန့်ကျင်ဘက်လည်နေ
သောကြောင့် ကျွန်တော်တို့ကမ္ဘာသည် ၃ရက်ကြာမျှ ခတ္တရပ်တန့်သွားပေအုန်းမည်…။
ထို့အပြင် ဆွဲငင်အား နှစ်ခု အပြိုင်ကြားသို့ ရောက်ရှိလာမည့် အခြေအနေကို စာဖတ်သူများ
တွေးကြည့်လျှင် သိပါလိမ့်မည်…ကမ္ဘာကြီးနှစ်ခြားမကွဲသွားလျှင်တော့ကံကောင်းသည်ဟုဆိုရပေမည်..
ဆန့်ကျင်ဘက်ဆွဲငင်မှုနှစ်ခုကြောင့် အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။
ထို့ကြောင့် ကျွန်တော်ပြောခဲ့သည်မဟုတ်ပါလော…Nibiru ဆိုသောအရာဝတ္ထုသည် ကောင်း
သောလာခြင်းမဟုတ်ဘဲ ကံဆိုးခြင်းများကိုတစ်ပွေ့တစ်ပိုက်နှင့် အလှူသဖွယ် စွန့်ကြဲကာ ကျွန်တော်
တို့လူသားတွေနေထိုင်ရာ ကမ္ဘာကို ဒုက္ခပေးရုံသက်သက်လာမည့် ဧည့်သည်ပင်ဖြစ်သည်…။
(ကျွန်တော်၏ထင်မြင်ယူဆချက်ကိုပြောရမည်ဆိုလျှင် အကယ်၍ Nibiru သည် ကမ္ဘာ၏လည်
ပတ်နှုန်းထက် နှေးမည်ဆိုလျှင်တော့ ကျွန်တော်တို့သာမန်အတိုင်းဖြစ်ချင်ဖြစ်နိုင်ပေမည်..ထိုသို့မ
ဟုတ်ဘဲ ကမ္ဘာ့လည်ပတ်နှုန်းထက် မြန်နေမယ်ဆိုလျှင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်မည်ဖြစ်သည်.)
ကျွန်တော်ထိုစာများကိုဖတ်ပြီးသောအခါတွင် ကိုယ့်အတွေးထဲတွင် မေးခွန်းများဝင်ရောက်လာ
ပါသည်….။စာဖတ်သူများလည်း ကျွန်တော့်မေးခွန်းများကို ကူညီ၍ဖြေဆိုပေးကြပါဗျာ…။
၁။ ကမ္ဘာကြီးသည် ၃ရက်ကြာမျှ ရပ်တန့်သွားပြီးလျှင် သာမန်အတိုင်းပြန်လည်ကာလည်
ပတ်နိုင်ရန် ဖြစ်နိုင်ပါ့မလား…??
၂။ သာမန်အတိုင်းလည်ပတ်မှုမရှိခဲ့လျှင် ကမ္ဘာကြီးက ဒီအတိုင်းရပ်တန့်လျက်နေနိုင်ပါ့
မလား…??
၃။ ထိုသို့ဖြစ်ခဲ့သည်ထားအုန်း …. ကိစ္စအားလုံးပြီးဆုံးသွားတဲ့တစ်နေမှာ မည်ကဲ့သို့သော
လူတွေ ကျန်ရစ်ခဲ့မည်နည်…။
မေးခွန်းများက လွယ်မယ်ထင်သလိုလိုနှင့် အင်မတန်ခက်သော မေးခွန်းဖြစ်နေပေသည်…။
စာဖတ်သူများကိုလည်းဦးနှောက်အလုပ်လုပ်အောင် မေးလိုက်ခြင်းဖြစ်ပါသည်…။
ကိုကားချက် ။ ။ http://myanmarastronomy.blogspot.com/2008/10/2012-dec-21-is-really-our-doomsday.html
စာကို ပြီးဆုံးသည်အထိဖတ်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်…
***************
ကျွန်တော်ရေးသားနေသောစာကို ဒီမှာတင်အဆုံးသတ်လိုက်လျှင်ဖြစ်ပါသည်…သို့သော်
ကျွန်တော်ထပ်မံကာရေးသားချင်ပါသေးသည်…ယခုရေးမည့်အကြောင်းအရာမှာ အထပ်ပါ အကြောင်း
အရာများနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ကာသက်ဆိုင်ပါသည်…။
ကျွန်တော်တို့လူမျိုးတွေက ဗုဒ္ဗဘာသာလူမျိုးများဖြစ်ပေသည်…ကျွန်တော်တို့ရဲ့မြတ်စွာဘုရား
၏သာသနာသက္ကရာဇ်မှာ နှစ် ၅၀၀၀တိုင် အဒွန့်ရှည်မည်ဟု ကျမ်းကန်များထဲတွင် စာဖတ်သူတို့ ဖတ်
ဖူးပေလိမ့်မည်… သို့သော် ယခုမှာသာ သာသနာသက္ကရာဇ်တစ်ဝက်ကျော်ကျော်ပင်ရှိပေသေးသည်…
ထို့ကြောင့် ကျွန်တော်တို့ ၊ စာဖတ်သူတို့စိတ်ထဲ ၊အတွေးထဲတွင် မြတ်စွာဘုရားအမှန်တကယ်ယုံ
ကြည်မှုရှိမည်ဆိုလျှင် ၂၀၁၂ မှစတင်၍ ၂၀၁၄ အထိတွင် မည်သို့ပင် ဒုက္ခများရောက်ခဲ့သည်ဖြစ်စေ
ဒုက္ခမရောက်သည်ဖြစ်စေ ဂရုပြုရန်လိုမည်မဟုတ်ပေ...မြတ်စွာဘုရား၏အဆိုအမိန့်တစ်ခုရှိပါသည်..
**ကောင်းသူကိုကယ်တင်မည်..မကောင်းသူကိုဖယ်ရှားမည်**ဟူသောစကားပင်ဖြစ်သည်..။
သင်သည် ကောင်းသူလော….။
သို့မဟုတ်
မကောင်းသူလော…..။
ကျေးဇူးတင်ပါသည်…ဝေဖန်နိုင်ပါသည်..ကျွန်တော်သည် သိပ္ပံပညာတွေကျွမ်းကျင်သူမဟုတ်သကဲ့သို့
ဗေဒင်ဆရာလည်းမဟုတ်ပါ…ထို့ကြောင့် ကျွန်တော်ပြောဆိုထားသည်မှာ မှန်မည်ဟုမဆိုသလို၊ မှား
သည်ဟုလည်းမဆိုလိုပါ… သေချာသောတစ်ခုမှာ ၂၀၁၄နောက်ပိုင်းတွင် စာဖတ်သူများကို ကျွန်တော်
ကမ္ဘာကြီး၏တစ်နေရာတွင် တွေ့ဆုံချင်ပါတယ်ခင်ဗျာ….
မေ့နေတာ…။ ။ ၂၀၁၄ ဖေဖေါ်ဝါရီ ၁၄ တွင် ချစ်သူစုံတွဲများ ပျော်ရွှင်နိုင်ပါစေ….။
ကျွှန်တော်၏အာဘော်မဟုတ်ပါ :D (ဒီအကြောင်းကိုပို့ပေးသောသူငယ်ချင်းအားကျေးဇူးတင်ပါသည်)ဗဟုသုတ ပြန်လည်ဝေမျှပါသည်။
2 comments:
ဘလော့ရဲ့ မူပိုင်ရှင်သူငယ်ချင်းမေးထားတဲ့ မေးခွန်းများ ကို ကျွန်တော် သိပံ္ပပညာ ရှုထောင့်ကပဲ နားလည်သလောက်ဖြေပါရစေ။
၁။ gravity တွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ ဖွဲ့စည်းပုံကို ကမှောက်ကမ ဖြစ်စေပါမယ်။ ဘာကြောင့်လည်းဆို တော့ အဓိကကမ္ဘာသို့သက်ရောက်စေသောဆွဲငင် အားက လဆီမှဖြစ်ပါတယ်။ ပြီးတော့ နေ၊ ပြီးတော့ အခြားဂြိုလ်များကလည်း မပြောပသလောက်ဆွဲငင် ကြပါလိမ့်မယ်။ အဲဒီတော့ ကမ္ဘာ့ ပုံမှန်လှည့်ပတ်မှုရပ် တန့်သွားမယ်ဆိုတာဖြစ်နိုင်ပါတယ်။
၂။ အဲဒီလို celestial body တစ်ခု ထပ်မံဝင်ရောက်ပြီး ကမ္ဘာရဲ့အနီးကပ်ဆုံးကနေ ဆွဲငင်ခဲ့ ရင်အဲဒီ ဂြိုလ်အနီး ဆုံးရောက်လာတဲ့ ကမ္ဘာ့ နေရာဒေသက ရေမျက်နှာပြင် မြင့်တက်လာပါမယ်။ သာမာန်ထက်ပိုသော ဒီရေမြင့် တက်မှုဖြစ်ပါမယ်။ ပြီးရင် ဒီရေ ဖြစ်ပေါ်မှု vertical movement ကြောင့် ဖြစ်လာမယ့် ဒီရေလှိုင်းများနဲ့ ဒီ ရေစီးကြောင်းများ ဖြစ်ပေါ်လာပါမယ်။ (horizontal movement)
၃။ lithosphere အလွှာမှာ ပြောင်းလဲမှုတွေဖြစ်လာနိုင် ပါတယ်။ နီးကပ်သောဆွဲငင်အားကြောင့် crust, inner core တွေထဲမှာ ရှိတဲ့ ချော်ရည်တွေ မီးတောင်ဟောင်း တွေဆီကပေါက်ထွက်လာနိုင်ပါတယ်။ tectonic movement တွေဖြစ်လာနိုင်ပါတယ်။ tectonic movement လို့ပြောလိုက်ရင် tsunami ဆိုတာပါလာပြီ။
ကဲဒါတွေက.... အဲဒီဂြိုလ်ဆိုတာကြီး ၀င်ရောက်လာ ဆိုရင်ဖြစ်နိုင်တာကိုပြောတာနော်။ ဘာတွေဖြစ်လာနိုင်လဲလို့ မေးထားတဲ့ အတွက် ကျွန်တော်လည်း ၀င်ဆွေးနွေးမိခြင်းဖြစ်ပါတယ်။
သို့သော် ဖြစ်နိုင်ချေအပေါ်မှာ ပြောပါဆိုရင်တော့ ကျွန်တော်က မဖြစ်နိုင်လို့ဆိုချင်သောဘက်မှာ အပြည့် အ၀ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြောဆိုသူ တွေရဲ့ သက်သေတင်ပြချက် evidence တွေအားနဲလို့ ပါ။ ဒါနဲ့ပတ်သတ်တဲ့ မဖြစ်နိုင်ချေတွေကို ရေးထားတဲ့ blog တွေလည်း တော်တော်များများရှိပါတယ်။ ကျွန်တော့် comment မှာတော့ ဘာသာရေးနှင့် အလျင်း ဆက်နွယ်မှုမရှိပါ။ သိပ္ပံရှုထောင့်မှသာ ကြည့်မြင် ခြင်းဖြစ်ပါတယ်။ အမှားပါခဲ့ ရင်လည်း ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျား။
အခုလိုဝင်ဆွေးနွေးပေးတာကျေးဇူးတင်ပါတယ် ကိုငရဲ...
Post a Comment