ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, November 26, 2008

“မှတ်သားဖွယ်ရာ”

စည်းစိမ်ချမ်းသာမဆုတ်ယုတ် တိုးတက်ပွားများကြောင်းတရား ခုနှစ်ပါး...

(၁) ဘုရား၌ရိုသေခြင်း၊
(၂)တရား၌ရိုသေခြင်း၊
(၃) သံဃာ၌ရိုသေခြင်း၊
(၄) ကိုယ်ကျင့်သိက္ခာ၌ရိုသေခြင်း၊ ကျင့်သုံးခြင်း၊
(၅) တည်ကြည်ခြင်းသမာဓိ၌ရိုသေခြင်း၊
(၆) ကောင်းသောမိတ်ဆွေရှိခြင်း၊
(၇) ပညာရှိသူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို နာယူလွယ်နိုင်ခြင်း...

စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်ပြား အပါယ်လားကြောင်းတရား၆-ပါး.......

(၁) အခါမဲ့ လှည့်လည်ခြင်း၊
(၂) ပွဲသဘင်ကြူးခြင်း၊
(၃) လောင်းကစားကြူးခြင်း၊
(၄) သူမိုက်တို့နှင့်ပေါင်းဖေါ်ခြင်း၊
(၅) ပျင်းရိခြင်း၊
(၆) ယစ်မျိုးသောက်ကြူးခြင်း။ (ဗဟုသုတဝေမျှပါသည်)

No comments: