ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, November 26, 2008

“အုန်းရည်”


အုန်းရည်ကို ပုံမှန်သောက်သုံးပါက HIV ဗိုပ်းရပ်စ် ပျံနှံမှု့ကို ဟန့်တားရာတွင် အထောက်အကူပေးနိုင်ကြောင်း ဗြိတိသျ သုတေသန
ပညာရှင်များက ပြောကြားလိုက်သည်။
အုန်းရည်တွင် ဗီတာမင်၊ အမိုင်နိုအက်စစ်နှင့် အခြားဓာတ်ပေါင်းများ ပါဝင်လျက်ရှိသည့်အပြင် သီရာမင် ဘီ-၁၊ ရီဘိုဖလာဗင် ဘီ-၂၊
နိုရာစင် ဘီ-၃၊ ပင်တိုသီနစ်အက်စစ်တို့ ပါဝင်သဖြင့် ဆားစ်ကဲ့သို့သောရောဂါများ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း
သိရသည်။
ထို့အပြင် အုန်းရည်တွင် ပရိုတိန်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စပရပ်စ်နှင့် ဇင့်တို့လည်း ပါဝင်လျက်ရှိရာ ကျန်းမာရေးကို
လွန်စွာအထောက်အကူပြုသော အရည်တစ်မျိုးဖြစ်ကြောင်း သိရသည်။
အုန်းရည်ကို သီတင်းတစ်ပတ်လျင် တစ်ကြိမ်ခန့် ပုံမှန်သောက်သုံး ပေးသွားပါက အ၀လွန်မှုကို လျော့ချပေးနိုင်သည့်အပြင် အရိုးနှင့်သွားများကို ခိုင်မာစေကာ အစာအိမ်ရောဂါများကိုလည်း သက်သာပျောက်ကင်းစေကြောင်း သိရသည်။
ထိုကြောင့် သုတေသနပညာရှင်များက ပုံမှန်သောက်သုံးသင့်ကြောင်းပြောကြားသည်။

No comments: