ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, November 26, 2008

“တမ်းတခြင်း”

ချစ်သူ…..
ကို့ရင်ထဲက ကြင်နာမှုတွေ အားလုံးကချစ်သူအတွက်ပါ
မြတ်နိုးတွယ်တာမိသမျှ ချစ်သူကိုပဲ ပေးပါရစေ ....
ကို့ဘ၀ရဲ့ စွဲလန်းမှုဟာတစ်ခါပဲ ဖြစ်ပါရစေ..
အဲဒီစွဲလန်းမှုဟာ ချစ်သူပဲဖြစ်ပြီး …
ကိုအမြတ်နိုးဆုံးလူအဖြစ် ချစ်သူကိုပဲ သက်မှတ်ပါရစေ….
ကိုယ့်နှလုံးသားကို အစဉ်ထာဝရလွှမ်းမိုးထားတာချစ်သူပါ...
မနက်အိပ်ယာထ..ချစ်သူမျက်နှာလေးကို မြင်တွေ့ချင်နေမိတယ်…
ညအိပ်ယာဝင်ချိန် နှုတ်ဆက် တဲ့သူဟာလဲ ချစ်သူပဲဖြစ်ချင်တယ်…

ချစ်သူကို အရမ်းချစ်တယ်…
ချစ်သူရဲ့ ပုံစံလေးတွေကို အမြဲမြင်ယောင်နေမိတယ်….
ချစ်သူရဲ့အသံလေးတွေကို အမြဲကြားယောင်နေမိတယ်…
ချစ်သူရဲ့အနားမှာ အမြဲနေခွင့်ရချင်တယ်..
ချစ်သူရဲ့နှလုံးသားထဲမှာ နားခိုခွင့်ပေးပါ ….
ချစ်သူနဲ့ဘ၀တစ်လျှောက်လုံး လက်တွဲခွင့်ပေးပါ...
ချစ်သူနားမှာ ထာဝရ ဖြစ်ပါရစေ ဘ၀အဖော်...
ချစ်သူစိတ်ညစ်ရင် ပြုံးစေဖို့ ကြိုးစားလို့…..
ချစ်သူဘေးနားမှာအမြဲတမ်း နှစ်သိမ့်ခွင့်ရှိသူတစ်ယောက်ဖြစ်ခွင့်ပြုပါ......
ချစ်သူရဲ့အနှောက်အယှက်တွေကို ဖြေရှင်းခွင့်ရှိသူတစ်ယောက်ဖြစ်ခွင့်ပြုပါ.....
ချစ်သူရဲ့အနားမှာ အမြဲတမ်း အရိပ်လိုတွယ်ငြိခွင့်ပြုပါ.... (oval)

(ကဗျာလို့ မယူဆစေချင်ပါသည်.. :D ..)

No comments: