ဆွီဒင်သုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ ဆွီဒင်နိုင်ငံတွင် စာနာမှုကင်းမဲ့သော အလုပ်ရှင်တို့ကြောင့် အလုပ်သမား ၃၀၀၀ ကျော်ခန့်တွင် နှလုံးရောဂါဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ကျွမ်းကျင်သူတို့၏အဆိုအရ လုပ်ငန်းခွင်တွင် အနှိမ်ခံရခြင်းနှင့် အားပေးချီးမြှင့်မှုမရှိခြင်းက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေကာ ဆေးလိပ်သောက်ခြင်းကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေခဲ့သည်ဟုဆိုသည်။ မျှတမှုမရှိသော အလုပ်ရှင်ကြောင့် အလုပ်သမားအား သွေးပေါင်ချိန် တက်စေကာ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို တိုးပွားစေနိုင်ခြင်းဖြစ်သည်။
စတော့ဟုမ်းတက္ကသိုလ်နှင့် Karolinska Institute မှ သုတေသနအဖွဲ့သည် အသက် ၁၉ နှစ်နှင့် ၇၀ ကြားရှိ အမျိုးသားလုပ်သားတို့၏ နှလုံးရောဂါဖြစ်ပွားမှုကို ဆယ်စုနှစ်တစ်စုခန့် ခြေရာခံကြည့်ခဲ့ရာ ထိုလုပ်သားတို့၏ အထက်မှ မန်နေဂျာများ၏ အစွမ်းအစနည်း၍ ဆက်ဆံမှု ပြေပြစ်ခြင်းမရှိသည့်အတွက် လုပ်သား ၂၅ ရာခိုင်နှုန်းမှာ နှလုံးရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
သုတေသနအဖွဲ့၏အဆိုအရ မန်နေဂျာများအနေဖြင့် လုပ်သားတို့အား လုပ်ငန်းခွင်တွင် လုပ်ဆောင်ရမည့် အလုပ်နှင့် ပတ်သက်၍ ရှင်းလင်းစွာရှိစေပြီး လုပ်သားတို့အား ညွှန်ကြားစေခိုင်းရာတွင် အနှိမ်ခံရသည်ဟု ထင်မြင်နေခြင်းနှင့် လုပ်ငန်းဆိုင်ရာ အားပေးချီးမြှင့်မှု မရှိပါက စိတ်ဖိစီးမှုဝင်ကာ ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် အာဟာရမပြည့်ဝသော အစားအစာ စားသုံးခြင်းကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေသော အပြုအမူများကို ပြုမူလာစေခဲ့ပြီး ထိုမှတစ်ဆင့် နှလုံးရောဂါဖြစ်ပွားမှု ဘေးဥပဒ်တွင်းသို့ သက်ဆင်းကြရခြင်းဖြစ်သည်ဟု ဆိုသည်။ (ဗဟုသုတဝေမျှပါတယ်)
No comments:
Post a Comment