ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Thursday, March 26, 2009

“ပိုက်ဆံရဲ့ သဘောတရားအမှန်”

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ ရတယ်၊
ဒါပေမယ့်နားခိုရာကိုတော့ ငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်စာအုပ်ဝယ်လို့ ရတယ်၊
ဒါပေမယ့် ပညာကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်နာရီဝယ်လို့ ရတယ်၊
ဒါပေမယ့် အချိန်ကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်အပျော်ရှာလို့ ရတယ်၊
ဒါပေမယ့် အချစ်ကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ ရတယ်၊
ဒါပေမယ့် လုံခြုံမှုကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်ကုတင်ဝယ်လို့ ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင်ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင်ဆေးဝယ်လို့ ရတယ်၊
ဒါပေမယ့် ကျန်းမာအောင်ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင် ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင်စားစရာဝယ်လို့ ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင်ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ ရတယ်၊
ဒါပေမယ့် အသက်ကိုငွေနဲ့ ပေးဝယ်လို့ မရဘူး။

တွေ့ တယ်နော်….
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာဟုတ်လို့ လား….
ခင်ဗျားမှာထားစရာမရှိအောင်များနေရင်
ကျုပ်ကို နည်းနည်းပါးပါးပေးလိုက်ပါတော့လား…. :D :D

No comments: