ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Friday, March 27, 2009

“ဘ၀နဲ့သံလိုက်”

ဘယ်သူရေးတာလဲ တော့မသိဘူးဗျာ ဖတ်ရတာ မိုက်တယ်ထင်တာပဲ :P

တစ်ခါတစ်လေ သင်စိတ်ထင်နေတာပါ…

သင့်ကိုကြည့်နေရင် ဘာကြည့်တာလဲဆိုပြီး သင့်စိတ်ထဲမှာပြောနေမယ်...

သင့်ကိုမကြည့်မိရင် သင့်ကိုအရေးမလုပ်ဘူးလို့သင်ပြောမယ်။

ဒီလိုအရေးလုပ်နေရင်တော့ သင်စိတ်ပင်ပန်းလိုက်မယ်။

တခြားလူရဲ့ မျက်ဝန်းအောက်မှာ သင်ရှင်သန်နေရလို့ပါ။

သင့်က အရာရာကို စဉ်းစားနေတော့ နောက်ဆုံးအားလုံးရှုပ်ကုန်ပါရော။

ဒီလိုလုပ်နေမဲ့အစား မျက်စိတစ်ဖက်ဖွင့် တစ်ဖက်ပိတ်လိုက်ပါ။

သင်က သံလိုက်နဲ့ တူတယ်ဆိုတာ သိလား။

သင်က သံလိုက်ပါပဲ။

သင်က အကောင်းမြင်မယ် ကိုယ်ကိုချစ်မယ် ဒီကမ္ဘာမှာနေရတာပျော်နေမယ် ဆိုရင် အရာအားလုံးဟာ လှပနေမယ်။

ဆန့်ကျင်ဘက် အဆိုးမြင်မယ် တခြားသူနဲ့ နှိုင်းယှဉ်နေမယ် အားလုံးဟာသင်နဲ့ ပြောင်းပြန်ဖြစ်နေရင် မကောင်းတာတွေပဲ သင်ရရှိလိုက်မယ်။

သင်ဟာ သံလိုက်ဖြစ်နေလို့ပါပဲ။ ပျော်ရွှင်နေရင် အားလုံးဟာ ပျော်မယ်….။ မပျော်ရင် ဘယ်သူက နေချင်ပါ့မလဲ။

ကံကောင်းတယ် မကောင်းဘူး သင့်ပေါ်မှာမူတည်တယ်။

ဒီနေ့လှလို့ပါလား လို့ မေးရင် သင်ဘာမှပြန်မဖြေလဲ မျက်လုံးကဖြေသွားတာပါ။

ရှုပ်ထွေးနေတဲ့စိတ်ကို သင့်ရင်ဘတ်ထဲကနေ ထုတ်လိုက်ပါ။

ကော်ဖီလေးတစ်ခွက်သောက် အ၀တ်အသစ်လေးဝယ် ဆံပင်ကေလေးပြောင်း

ရေခဲမုန့်လေးစား လမ်းကိုလျှောက် ရုပ်ရှင်လေးကြည့် သူငယ်ချင်းဟောင်းတစ်ယောက်ဆီသွား အတိတ်ကအကြောင်းတွေပြော ညကြရင်ကောင်းကင်ကကြယ်တွေကို တငေးတမောကြည့်ကြည့်ပါ။

ကိုယ်ကိုကျေနပ်အောင်လုပ်နိုင်တာ အမျိုးမျိုးရှိပါတယ်။

သင်အရှုပ်တွေထဲမှာနေရတာကြိုက်မယ်ဆိုရင်တော့ … မတတ်နိုင်တော့ပါဘူး။

အားလုံးဟာ သင့်ပေါ်မှာမူတည်တာချည်းပါ။

သင့်ရဲ့ စိတ်ကိုသင်နိုင်လား။

ပင်လယ်ထက်ကြီးတာ ကောင်းကင်ပါ

ကောင်းကင်ထက်ကြီးတာ လူ့စိတ်ပါ။

No comments: