
ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတကာနှင့်စီးပွားရေး၊လူမှုရေးသံတမန်ရေးဆက်သွယ်ဆက်ဆံမှုများ
တိုးမြှင့်ဆောင်ရွက်လာသည်နှင့်အမျှအပြည်ပြည်ဆိုင်ရာ လေကြောင်း ဆက်သွယ်သွားလာမှုများပြားလာခဲ့ပြီး အပြည်
ပြည်ဆိုင်ရာ လေဆိပ်များ၌ နိုင်ငံတကာခရီးသည်ဝင်ထွက်သွားလာမှုများ လည်းပိုမိုများပြားလာခဲ့သည်။ ပြည်ထောင်
စုမြန်မာနိုင်ငံတော် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်
ရေးစီမံကိန်းကို နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ်၏ အရှေ့ဘက် ၅.၇မိုင်အကွာ၊ အေလာမြို့၏အနောက်ဘက်နှစ်
မိုင်ခန့် အကွာတွင်မူလ လေဆိပ်နှင့် ဆက်စပ်လျက်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုအခါ
နေပြည်တော်သို့ နိုင်ငံတကာမှအကြီးအကဲများ၊ ဧည့်သည်တော်များ၊ ချစ်ကြည်ရေးခရီးစဉ်များလာရောက်လျက်ရှိပြီး
အဆိုပါ ခရီးစဉ် များတွင်လက်ရှိ နေပြည်တော်လေဆိပ် ကိုအသုံးပြုလျက်ရှိသည်။ လက်ရှိ နေပြည်တော်လေဆိပ်ကို
အေးရှားဝေါ(လ်) ကုမ္ပဏီလီမိတက်ကဆက်လက်တာဝန်ယူတည်ဆောက်ခဲ့သည်။အဆိုပါနေပြည်တော်အပြည်ပြည်
ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းကိုတာဝန်ယူတည်ဆောက်မည့်အေးရှားဝေါ(လ်)ကုမ္ပဏီလီမိတက်သည်
၂၀၀၈ခုနှစ် ဇူလိုင်လမှစတင်၍ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆောက်လုပ်ရန် အကြိုအင်ဂျင်နီယာလုပ်
ငန်းများကိုဆောင်ရွက်ခဲ့ပြီး လေယာဉ်ကွင်း နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ၂၀၀၉ခုနှစ်ဇန်နဝါရီလ၌ စတင်လုပ်
ကိုင်ခဲ့သည်။ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံ၏ ဒီဇိုင်းပုံစံကို စင်ကာပူနိုင်ငံမှ CPG Cons
-ultants Pte., Ltd ကတာဝန်ယူရေးဆွဲပေးခြင်းဖြစ်သည်။ CPG ကုမ္ပဏီသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်
တိုးချဲ့အဆောက်အအုံ၏ ဒီဇိုင်းပုံစံကိုရေးဆွဲပေးခဲ့သည့်ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံချန်ဂီလေဆိပ်အဆောက်အအုံ
နှင့် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံတို့မှ လေဆိပ်အဆောက်အအုံ များကိုလည်းပုံစံထုတ် ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ နေ
ပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်ရန် စီစဉ်ထားသည်။ စီမံကိန်းပထမအဆင့်ပြီးစီးပါက တစ်နှစ်လျှင်ခရီးသည် ၃.၅သန်းအသုံးပြုသွားလာ
နိုင်မည်ဖြစ်ပြီး စီမံကိန်း တတိယအဆင့်ပြီးစီးပါက ခရီးသည် ၁၀.၅ သန်းအထိ အသုံးပြုသွားလာနိုင်မည်ဖြစ်သည်။
တစ်နှစ်လျှင် နိုင်ငံတကာခရီးသည် နှစ်သန်း၊ ပြည်တွင်းခရီးသည် ၁.၅သန်း၊ စုစုပေါင်း ၃.၅ သန်းအသုံးပြုနိုင်သော
လေဆိပ် ပင်မ အဆောက်အအုံတွင် ၁၇၁၇၄ စတုရန်းမီတာ ကျယ်ဝန်းသော ပင်မအဆောင်၊ ၃၂၂၄ စတုရန်းမီတာ
ကျယ်ဝန်းသော အရှေ့ဘက်အဆောင်နှင့် အနောက်ဘက်အဆောင်၊ ၅၉၁၂စတုရန်းမီတာကျယ်ဝန်းသော မြောက်
ဘက်အဆောင် စသည်တို့ပါဝင်သည်။ အဆောက်အအုံတစ်ခုလုံးရှိ မြေညီထပ်၊ ထပ်ခိုးနှင့်ပထမထပ်တို့၏စုစုပေါင်း
ဧရိယာသည် စတုရန်း မီတာ ၆၃၀၀၀ရှိသည်။ လေဆိပ်အဆောက်အအုံသည်သံကူကွန်ကရစ် အုတ်မြစ်ပိုင် တိုင်အ
မျိုးအစားနှစ်ထပ် အဆောက်အအုံဖြစ်ပြီး မြေညီထပ်ကို ဆိုက်ရောက် ခရီးသည်များ အသုံးပြုရန်နှင့် ပထမထပ်ကို
ထွက်ခွာခရီးသည်များ အသုံးပြုရန် ရည်ရွယ်ထားသည်။ အနောက်ဘက်အဆောင်သည်ပြည်တွင်းခရီးသည်များအ
သုံးပြုရန်အတွက်ဖြစ်ပြီး အရှေ့ဘက်အဆောင်နှင့် မြောက်ဘက် အဆောင်သည် ပြည်ပခရီးသည်များ အသုံးပြုရန်
ဖြစ်သည်။ ခေတ်မီစက်ပစ္စည်းများကို ခရီးသည်ကောင်တာများ၊နိုင်ငံကူးလက်မှတ်စိစစ်ရာနေရာ၊အထွက်ခရီးသည်
အကောက်ခွန် စစ်ဆေးရေး ကောင်တာ၊ အဝင်ခရီးသည် အကောက်ခွန် စစ်ဆေးရေးကောင်တာနှင့် ဆိုက်ရောက်
ခရီးသည် ဝန်စည်စလယ်ရွေးယူရာနေရာတို့တွင်တပ်ဆင်မည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ် ဧပြီလ ၂၅ရက်နေ့ထုတ်မြန်
မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
No comments:
Post a Comment