ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, April 27, 2009

“ဖတ်လို့ကောင်းတယ်”

မှတ်သားစရာကောင်းလို့ ဝေမျှလိုက်ပါတယ်

(၁)ချစ်ခြင်းမေတ္တာရှိမှ ဒီကမ္ဘာကြီး ပိုလုံးဝန်းမယ်။
ချစ်ခြင်းမေတ္တာရှိမှ ထူးဆန်းအံ့သြမှုတွေကို ဖန်တီးနိုင်မယ်။
တခြားလူရဲ့ ကောင်းကွက်ကိုမြင်မှ ကိုယ့်ရဲ့ကောင်းကွက်ကို မြှင့်တင်နိုင်မယ်။
တခြားလူကို အကောင်းပြောမှ သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးတွေ ပိုကောင်းနိုင်မယ်။
ချစ်ခြင်းမေတ္တာက အရာအားလုံးရဲ့ မောင်းနှင်အားဖြစ်တယ်။



(၂)ဘာဖြစ်လို့ စိတ်တို ဒေါသထွက်ရသလဲ? ကားကြပ်လို့? တန်းစီလက်မှတ် ဝယ်ရလို့? သူငယ်ချင်းတွေနဲ့ ငြင်းခုန်လို့? အရောင်းစာရေးမ အချိုးမပြေလို့?

စိတ်တိုဒေါသ မထွက်ခင် ဘယ်အရာတွေကမှ တကယ့်စိတ်တိုဒေါသ ထွက်သင့်တဲ့ အရာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ- လူမမယ်ကလေးတွေ ညှင်းပမ်းနိုက်စက်ခံရတာ၊ ပြည်သူလူထု ဆင်းရဲငတ်ပြတ်တာ၊ စစ်ပွဲနဲ့ မငြိမ်းချမ်းမှု.... စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အထက်က အရာတွေနဲ့ ကိုယ်ဒေါသထွက်ဖို့ မသင့်ပါဘူး။ ဒေါသထွက်သင့်တဲ့အရာပေါ် ကိုယ့်ဒေါသစိတ်တွေ မကျရောက်ခင် ဒီလိုအခြေအနေအတွက် ကိုယ်ဘာများ လုပ်ပေးနိုင်မလဲလို့ အရင်စဉ်းစားပါ။



(၃)နေ့စဉ်လူ့ဘဝကို သနားကြင်နာခြင်းတွေနဲ့ လှည့်ပတ်နေသင့်တယ်။
လူ့ဘဝ တစ်ခါပဲ ရနိုင်ပါတယ်။ တစ်ထောက်နားတာ ပိုရှည်တဲ့ ဘဝခရီးကို လျှောက်လှမ်းဖို့ပါ။
ကိုယ့်ဘဝ အနားယူချိန် မရှိဘူးလို့ မငြီးငြူပါနဲ့။
တစ်လမှာ တစ်ရက်လောက် စိတ်ရောကိုယ်ပါ အနားယူဖို့ ကိုယ့်ကိုအားလပ်ချိန်ပေးပါ။


(၄)တစ်ချို့က အလုပ်လုပ်ဖို့အတွက် အသက်ရှင်တယ်။
တစ်ချို့က စိတ်ကူးအိပ်မက်ကြောင့် အသက်ရှင်တယ်။
တစ်ချို့က ငါဘာလို့ အသက်ရှင်နေရလဲဆိုတဲ့ အဖြေကိုရှာရင်း အသက်ရှင်တယ်။
တစ်ချို့က သတ္တိနဲ့ အသိဥာဏ်ကိုမှီပြီး အသက်ရှင်တယ်။


(၅)လူ့ဘဝရဲ့ အကြီးမားဆုံး ဖိအားက စိတ်ဖိအားပဲဖြစ်တယ်။
ကိစ္စတစ်ခုကို ကိုယ်လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ ကိုယ့်ကို ယုံကြည်တဲ့အချိန် တောင်တောင်မြောက်မြောက် စဉ်းစားမနေပါနဲ့။ ကိုယ့်စိတ်ကို ဖိအားမပေးဘဲ လုပ်လိုက်ရင် ဒါဟာ ကောင်းသောအစပျိုးခြင်း ဖြစ်လိမ့်မယ်။ နောက်ဆုံးမှာ ကိစ္စတွေက ကိုယ်ထင်သလောက် မခက်ခဲဘူးဆိုတာ သိရလိမ့်မယ်။


(၆)ကိုယ့်ဆန္ဒကို စိတ်ကူးထဲမှာပဲ ထည့်သိမ်းမထားပါနဲ့။
ကိုယ်လုပ်ချင်တာကို သတ္တိရှိရှိလုပ်ပြီး လေထဲမှာ ကိုယ်တိုက်ဆောက်နေတာ မဟုတ်ကြောင်း လူတွေကို သက်သေပြပါ။ ကိုယ့်ဆန္ဒတွေ တကယ်ဖြစ်လာအောင် ကြိုးစားပါ။

No comments: