ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, April 27, 2009

“၀က်တုပ်ကွေးရောဂါ (Swine Flu) သတိပေးချက်”

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။(ကျန်းမာရေး ဗဟုသုတ ပြန်ဝေမျှပါတယ်)

Swine Flu ဆိုတာ ဘာလည်း။

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊ အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့  အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်  (သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့  အမြန်သွားရောက် ပြသသင့်ပါတယ်။

Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။

ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ (၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊ အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။


လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်

No comments: