အပေါင်းအသင်းကို မြင်ခြင်းဖြင့် အဘယ်လိုလူဖြစ်သည်ကို သိနိုင်၏။
လူသည် အပေါင်းအသင်းလို၏။ အပေါင်းအသင်း ရှိမှလောကကြီး၌ ကြီးပွားသည့်လမ်းများ လည်းရှိကြလေသည်။
သို့သော်လည်း အပေါင်းအသင်းကို ရွေးချယ်ခြင်း၌ အထူးသတိပြုရာ၏။
မိမိနှင့်မတိမ်းမယိမ်း၊ မိမိနှင့် ဂုဏ်ရည်တူသူများနှင့်ပေါင်းသင်းရမည်။
မိမိထက်ဥစ္စာရှိသူနှင့်ပေါင်းလျှင် ၄င်း၏ကျွေးစာမွေးစာကို စားသုံးရ၍ တဖြည်းဖြည်း အောက် ကျ နောက်ကျ ဖြစ်တတ်လေသည်။
ငယ်စဉ်အခါကစ၍ စိတ်အောက်ကျလျှင် ကြီးသည့်အချိန်တိုင် အောက်ကျသော စိတ်ပပျောက် ဖို့ရန် ခက်လေသည်။ စိတ်အောက်ကျလျှင် လူအောက်ကျလျက် ကြီးပွားလမ်းမှာ အတက်ရ ခက်တတ်လေသည်။
သို့တည်းမဟုတ် မိမိမှာမရှိဘဲလျက် သူတစ်ပါးကျွေးစာမွေးစာနှင့် အပျော်အပါးဘက်မှာ အကျင့် ပါတတ်လေသည်။ ထိုအခါ မရှိစိတ်ကြီးဝင်ဖြစ်ကာ လူလေလူပေါ့ဖြစ်ရုံမက မိဘငွေ ကြေးကို အလွဲသုံးဖြုန်းသော သူငယ်ချင်းဖြစ်ပါက ၄င်းပျက်စီးသလို ၄င်း၏သူငယ်ချင်း လူဆင်းရဲသည်လည်း ပျက်စီးရမည် ဧကန်ပင်တည်း။
ငွေသည် ရန်သူဖြစ်၏။ ငယ်ရွယ်သူတို့၏ ခါး၌ရှိသော ငွေသည် မြွေပွေးနှင့်တူ၏။ သူဌေးသား သူငယ်ချင်း မြွေပေါက်ခံရလျှင် မိမိလည်း အပေါက်ခံရမည်ဟု မှတ်ပါလေ။
No comments:
Post a Comment