(မှတ်သားစရာလေးမို့ ဝေလိုက်ပါတယ်)
သင်မြတ်နိုးတဲ့ အိမ်ဂေဟာနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာ
သင်ရောက်နေတဲ့ အခါ..
သင့်ခြေဖ၀ါးအောက်မှာ သင်နဲ့ မရင်းနှီးတဲ့မြေ၊ သင့်ဦးခေါင်းထက်မှာက
သူစိမ်းဆန်တဲ့ မိုးကောင်းကင်၊
သင့်ပတ်ဝန်းကျင်က သူစိမ်းတရံဆန်တွေ နဲ့ မနက်ကနေ ညနေထိ
တစ်နေကုန်ပြောဆိုဆက်ဆံနေရငြား ..
သင့်အား သတိရနေတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ၊ စိတ်ရောကိုယ်ပါနွမ်းနယ်တဲ့အခါ၊
ကိုယ့်ရဲ့ယုံကြည်ချက်ဟာ အဟောသိကံပဲလို့သံသယ၀င်လာတဲ့အခါ ..
တစ်စုံတစ်ယောက်ကသင့်ကို သတိရနေတယ်ဆိုတာ သတိရပါ ..
တစ်စုံတစ်ဦးက သတိတရရှိနေတယ်.. တစ်စုံတစ်ယောက်က ဂရုစိုက်ကြင်နာတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ ဆုတောင်းစကားသံထဲမှာ သင့်ရဲ့အမည်နာမကို
တီးတိုးရေရွတ်နေတာ ..
သင်ဘယ်နေရာ ရောက်ရောက်.. ဘာတွေဖြစ်နေဖြစ်နေ သင့်ကို သတိရနေသူ
တစ်စုံတစ်ယောက်ရှိနေတာမို့
သင် အားတင်းထားပါ. သင့်အနာဂတ်ထွန်းတောက်လာဖို့ ကြိုးစားရမှာ အမှတ်ရပါ ..
No comments:
Post a Comment