ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Saturday, May 30, 2009

“လောင်းကစားခြင်း”

လောင်းကစားခြင်းမှာ သူတစ်ပါး၏ အိတ်ထဲကငွေကို မိမိအိတ်ထဲသို့ အလကားရောက်စေချင် သော လောဘဇောတိုက်ခြင်းမျိုးဖြစ်ရာ မမြတ်သောအကျင့် ဖြစ်လေသည်။
လောင်းကစားဝါသနာသည် စွဲမိလျှင်အရက်ထက်ဆိုး၏။ ကစားသမားသည် အဘယ်အခါမျှ ငွေကြေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရမည် မဟုတ်ပေ။
လောင်းကစားသူသည် လောက၌အကြီးဆုံးသောရည်ရွယ်ချက်ဖြစ်သည့် သုခချမ်းသာခြင်းကို အမြဲဖျက်ဆီး၍ ပတ်သက်၍ နေသူဖြစ်၏။
၎င်းမှာရှုံးလျှင်ကုန်၏။ နိုင်လျှင် အလကားရသည်ထင်၍ သုံးဖြုန်း၏။ အအိပ်အစားမမှန်၊ အဖိုးတန်ဆုံးသောအချိန်ကို ဆုံးပါးကုန်ကျခြင်းများ၌ အဆစ်လိုက်ရလေသည်။
ကလပ်မှာတက်၍ ကစားခြင်း၌ ဒိုင်လုပ်သူကို ပေးရမည်သာတည်း။ ဒိုင်သည် မမြတ်ဘဲ ဒိုင်အလုပ်ကို မလုပ်၊ ဆိုင်ရာလက်အောက်အရာရှိများကို ပေးရခြင်းမှစ၍ စရိတ်ငွေကြေး မြောက်မြားစွာ အကုန်ခံ၍ တည်ထောင်သော ကစားကလပ်သည် လောင်းကစား လာသူများ ထံမှ အမြဲအမြတ်ရ၍ နေသောကြောင့်သာ တတ်နိုင်ခြင်းဖြစ်သည်ဟု သိရမည်။
တစ်ယောက်တလေ စွပ်မိ၍ မြောက်မြားစွာ နိုင်သည်ကိုအားကျ၍ ရှုံးသူမွဲသူတို့မှာ ရာထောင် မက များကြလေသည်။ သူတစ်ပါးပစ္စည်းကို အလကားလိုချင်သော အလုပ်သည် အဘယ်မှာ ကောင်းနိုင်ပါမည်နည်း။

ထို့ပြင် လောင်းကစားခြင်းသည်ကြင်နာတတ်သောမနုဿလူစိတ်ကို ဆုတ်ယုတ်ပျက်ပြားစေ ၍ ရက်စက်သော လောဘကောင်ကြီးအဖြစ်သို့ သိသိသာသာ ရောက်စေနိုင်လေသည်။ သူတစ်ပါးပစ္စည်းကို အလကားလိုချင်သဖြင့် ကိုယ်ပိုင်ပစ္စည်းဆုံးပါးရလေသည်။

No comments: