
ကမ္ဘာပေါ်တွင် လိမ္မော်သီးသည် ဗီတာမင် အပြည့်အ၀ပါသည့် လူကြိုက်များသော အသီးဖြစ်သည်။ ဗီတာမင်စီ အများဆုံးပါဝင်သည့်အတွက်
ရင်ကျပ်၊ ပန်းနာရောဂါ၊ အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊ တီဘီအဆုတ်ရောဂါ၊ ကြွက်သားနှင့် အဆစ်အမြစ်နာကျင်မှု့ဝေဒနာ၊ ကျောက်ကပ်
ကျောက်တည်မှု့တို့တွင် လိမ္မော်သီးစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ကြောင်းသိရသည်။
ထိုပြင် ကိုလက်စထရော လျော့ချခြင်း၊ ရေငတ်ခြင်းနှင့် ဆီးအလွန်အကျွန်သွားခြင်းတို့ကို ထိန်းပေးပြီး အဆစ်ရောင်ရမ်းခြင်းနှင့် သွေးတိုးရောဂါ တို့ကိုလည်း လျော့နည်းသွားစေသည်ဟု သိရသည်။
အရက်စွဲသူများ အနေဖြင့်လည်း လိမ္မော်ရည် သောက်သုံးခြင်းဖြင့် အရက်သောက်လိုစိတ်လျော့နည်းသွားစေသည်ဟု ဆိုသည်။
လိမ္မော်သီးတွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်နှင့် ပိုတက်ဆီယမ်တို့ပါဝင်သော
အာဟာရတန်းဖိုး မြင့်မားသည်ကို တွေ့ရှိနိုင်ကြောင်း သိရသည်။
No comments:
Post a Comment