ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, September 14, 2009

"တရုတ်နိုင်ငံမှ တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်!!!!!"

အင်တာနက်မှာ ပြန့်နေတဲ့ သတင်းတပုဒ်ပါ (ဟုတ်မဟုတ်တော့ အတိကျ မသိပါ .. တရုတ်ရုပ်မြင်သံကြားများမှာလည်း ပြသတယ်လို့ ဆိုပါတယ်) မသိသေးသော သူငယ်ချင်းများ အတွက် ဖော်ပြပေးလိုက်ပါတယ် .....

တရုတ်နိုင်ငံမှ Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။


Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။
ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။

ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။

ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။

No comments: