
ကြီးမားသော ခြေထောက်နှင့် လက်အရွယ်အစားရှိသည့် အရပ်အရှည်ဆုံး
အမျိုးသားတစ်ဦး ပထမဆုံးအနေနှင့် ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။
(၂၀၀၉) ခုနှစ်၊ ဂင်းနက်မှတ်တမ်း စာအုပ်တွင် ကမ္ဘာ့ အရပ်အမြင့်ဆုံး လူသားအဖြစ် ဖော်ပြခံရသည်မှာ
တရုတ်နိုင်ငံသား ဘိုစီရှမ်း ဖြစ်ပြီး ၎င်း၏အရပ်မှာ (၇)ပေ (၉)လက်မ ရှိသည်။
တူရကီနိုင်ငံသား မစ္စတာ ကိုဆန်သည် အရပ် ၈ပေနှင့် တစ်လက်မရှိသည်။
ယူကရိန်း နိုင်ငံသား လီယိုနော့ စတန်နစ်မှာ အရပ်(၈)ပေ (၅.၅) လက်မရှိသည်ဟု ဆိုသော်လည်း
သူ့အကြောင်း အကျယ်တပွင့် ပြောကြားခြင်းမရှိသောကြောင့် ကိုဆန်မှာ အရပ်ရှည်သူအဖြစ် သက်မှတ်ခြင်းခံရသည်။
၂၇ နှစ်ရှိပြီဖြစ်သော မစ္စတာ ကိုဆန်၏ လက်ဖ၀ါးမှာ ၁၀.၈ လက်နှင့် ခြေဖ၀ါးမှာ ၁၄.၃ လက်
မ အရှည်ရှိသည်။ ၂၀၁၀ ဂင်းနစ်မှတ်တမ်းဝင်ရန်အတွက် အင်္ဂလန်သို့ရောက်ရှိ
လာသော မစ္စတာ ကိုဆန်သည် ယခုကျော်ကြားမှုဖြင့် ချစ်သူတစ်ယောက် ရယူ
နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သူသည် သူ့ခန္ဓာကိုယ်နှင့်
အဆင်ပြေမည့် ကားတစ်စီးလည်း လိုအပ်လျက်ရှိသည်။ ၈ ပေထက် ပို၍အရပ်
မြင့်သည့် လူအား ဆယ်စုနှစ်ကျော်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့
ရှိခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်သို့ လာရောက်ခြင်းသည် တူရကီနိုင်ငံပြင်ပသို့ ပထ
မဆုံးအကြိမ် ထွက်သည့် ခရီးဖြစ်ပြီး အမေရိကန်နှင့် ဂျာမနီနိုင်ငံသို့ပါခရီးဆက်
လက်ချီတက်ဦးမည်ဟုမစ္စတာကိုဆန်ကဆိုသည်။သူသည် ၁၀ နှစ်သားအရွယ်
အထိ ပုံမှန်အတိုင်းသာကြီးထွားလာခဲ့ပြီးနောက်ပိုင်းတွင်အကျိတ်တစ်ခုကြောင့်
သာမန်ထက် ပိုမိုဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်က အကျိတ်အား ခွဲ
စိတ်ဖယ်ထုတ်လိုက်ပြီးနောက် အရပ်ရှည်မှု့ ရပ်တန့်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
No comments:
Post a Comment