

အသစ်ထုပ်လုပ်သုံးစွဲမယ်ဆိုတဲ့ ငါးထောင်တန်ငွေစက္ကူပုံဖြစ်ပါတယ်...
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက်နေ့ သတင်းတွင် ကြေညာသွားသည်။
အရွယ်အစား။ ။15 အမြှောက် 7 စင်တီမီတာ
ပေါ်လွင်သော အရောင်။ ။ အနီရောင်
မျက်နှာစာဘက်။ ။ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” စာတန်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်ပုံနှင့် ငွေစက္ကူတန်ဖိုးကို ဖော်ပြသည့် မြန်မာစာတမ်း “ငါးထောင်ကျပ်” တို့ကို ရိုက်နှိပ်ထားပါသသည်။
အောက်ခြေတွင် မြန်မာ့အနုပညာလက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးကို
ဂဏန်းဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူနံပါတ်ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင်
ဆင်ဖြူတော်ပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးတချောင်းကို ဒေါင်လိုက်ထည့်သွင်းထားပါသည်။
ကျောဘက်။ ။ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတမ်းကိုရိုက်နှိပ်ထားပါသည်။ အောက်ခြေတွင်
"FIVE THOUSAND KYATS" စာတန်းကို ရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် လွှတ်တော်အဆောက်အဦးပုံကို ရိုက်နှိပ်ထားပါသည်။
ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
No comments:
Post a Comment