
ကမ္ဘာကျော် အေကေ-47 ရိုင်ဖယ်သေနက်ကိုတီထွင်ခဲ့သူ ရုရှားစစ်တပ်မှ မီခေးလ်ကလပ်ရှ်နီကော့ဗ်သည် နိုဝင်ဘာ 10 ရက်နေ့က
အသက် 90 ပြည့်သွားပြီဖြစ်သဖြင့် ကရင်မလင်တွင် သူ့၏မွေးနေ့ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်က ထိုအခမ်းအနားတွင် မီးခေးလ်ကလပ်ရှ်နီကော့ဗ် အားရုရုားဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ် ပေးအပ်
ချီးမြှင့်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့လက်ချက်ဖြင့် ဒဏ်ရာရပြီးနောက် သူက အေကေ-47 ရိုင်ဖယ်ဒီဇိုင်းကို တီထွင်ခဲ့သည်။
ယခုအခါ အဆိုပါလက်နက်ပေါင်း သန်း 100 ကျော်ကမ္ဘာ အနှံသုံးစွဲနေကြသည်။
ငယ်စဉ်ကမှု မီးခေးလ်ကလပ်ရှ်နီကော့ဗ် သည်ကဗျာဆရာဖြစ်ရန် ဆန္ဒရှိခဲ့သူဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment