(ဘာရယ်မဟုတ်ပါဘူး ဖတ်ဖူးတာလေးတွေပါ)
သားတစ်ရာ ရရင်တောင် စွန့်ပစ်အပ်သော မယား(၆)မျိုး
1 ငြူစူစောင်းမြောင်းတတ်သူ
2 ငြင်းခုန်တတ်သူ
3 သူတစ်ပါးအိမ်သို့ သွားလာလည်ပတ်လွန်းသူ
4 မြင်တိုင်းကိုလိုချင်မက်မောသူ
5 အအိပ်ကြူးသူ
6 အစားကြူးသူ
မိန်းမကောင်း၊ မိန်းမမြတ်(၈)မျိုး
1 ထမင်စားသောအခါမိခင်ကဲ့သို့ လုပ်ကျွေးသော မိန်းမ။
2 လင်ကိုအ၀တ်အစားပြုပြင်ပေးတတ်သော မိန်းမ။
3 ဘေးအန္တရာယ်ရှိသောအခါ တိုင်ပင်၍ရသော မိန်းမ။
4 ကျွန်၊မကဲ့သို့လုပ်ကျွေးတတ်သော မိန်းမ။
5 လင်ကိုမောင်ကဲ့သို့ ရှက်ကြောက်ရိုသေလေးစားသော မိန်းမ။
6 လင်၏အလိုကိုလိုက်၍သည်းခံနိုင်သော မိန်းမ။
7 မွေ့လျောပျော်ဖွယ်များကိုပြုတတ်သော မိန်းမ။
8 အရောင်အဆင်းရှိရှိ လှလှပပပြုပြင်နေတတ်သော မိန်းမ။
မိန်းမတွေမှာမရှိသင့်တဲ့ မကောင်းတဲ့အကျင့်(4)မျိုး
1 အမျက်ကြီးခြင်း
2 ပြုဖူးသောသူ၏ ကျေးဇူးကို မသိတတ်ခြင်း
3 သူတစ်ပါးကြားမှာ ကုန်းချောကုန်းတိုက်စကားဆိုခြင်း
4 အဆွေခင်ပွန်းကို မပျက်စီးပဲ ပျက်စီးအောင် ဖျက်ဆီးတက်ခြင်း
No comments:
Post a Comment