http://mutdfan.com/viewnews.php?id=7789 မှ ကမ္ဘာဖလား ကျင်းပမည့် ဘောလုံးကွင်းများအကြောင်းပြန်လည်ဝေမျှပါသည်....
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးဟာဖြင့် မကြာခင် ရက်ပိုင်းအတွင်း စတင်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲ ကျင်းပခွင့်ကို ပထမဦးဆုံးအကြိမ်အဖြစ် အာဖရိကတိုက် ကိုယ်စားပြု တောင်အာဖရိကနိုင်ငံတွင် လက်ခံကျင်းပသွားမှာဖြစ်သလို အဆိုပါ ပြိုင်ပွဲကြီးအတွက် လက်ခံကျင်းပပေးမည့် မြို့ကြီးများနှင့် ဘောလုံးကွင်းများကို မက်ဖန် ပရိသတ်အတွက် မိတ်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။
Cape Townလူမျိုးစုပေါင်း များစွာ နေထိုင်ရာ လှပသော သဘာဝပတ်ဝန်းကျင်များဖြင့် ပြီးပြည့်စုံနေသည့် မြို့တော်ဖြစ်ပြီး လူဦးရေ ဆယ်သုံးသန်းခန့် နေထိုင်ကာ ပင်လယ်ကမ်းခြေမြို့လည်း ဖြစ်သည်။ မြေထဲပင်လယ် ရာသီဥတုမျိုး ရှိကာ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများဖြင့် စည်ကားသော မြို့တော်ဖြစ်သည်။
Green Point Stadium
မြို့တော် ကိတ်တောင်းတွင် တည်ရှိပြီး ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ် တစ်ပွဲကို ကျင်းပမည့် ကွင်းသစ်ကြီးဖြစ်သည်။ ၂၀၀၉ခုနှစ် ဒီဇင်ဘာလတုန်းက အပြီးတည်ဆောက်ခဲ့ပြီး ပရိသတ်ပေါင်း ခုနှစ်သောင်း ဆန့်သည့် ကွင်းကြီးဖြစ်သည်။
................................................
Durban City
ရွှေရောင်ကမ်းစပ်ဟု အမည်တွင်ပြီး လူဦးရေ သုံးသန်းခန့် နေထိုင်ရာ အဆိုပါ မြို့သည်လည်း သမမျှတသော ရာသီဥတု ရှိသည်။ နှစ်ပတ်လည် ၁၆-၂၅ဒီဂရီစင်တီသာ ရှိပြီး ခရီးသွားလာမှု လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှုင့် စက်မှု ကုန်ထုတ်လုပ်ငန်းများကို အထူးလုပ်ကိုင်ကြသည်။
ဒူဘန်းကွင်းကြီးမှာ ကွင်းသစ်ကြီး ဖြစ်သည့်အပြင် ဆီးမီးဖိုင်နယ်ပွဲ ကျင်းပမည့် ကွင်းကြီးလည် ဖြစ်သည်။ တောင်အာဖရိကနိုင်ငံ၏ အလံကို ဒီဇိုင်းယူသုံးထားပြီး အဆင့်မြင့် ဒီဇိုင်း ပေါင်းကူးအမိုးများဖြင့် ဖန်တီးတည်ဆောက်ထားသည့် လှပသော ကွင်းကြီး ဖြစ်သည်။ ပရိသတ်ပေါင်း ခုနှစ်သောင်းဆန့်ကာ ကမ္ဘာ့အဆင့်မှီ ကွင်းတစ်ကွင်းဖြစ်ပြီး ဈေးဆိုင်များ ကစားကွင်းများ၊ စားသောက်ဆိုင်များအပြင် လှပသော ဒူဘန်းကမ်းခြေသို့လည်း လည်ပတ်ရန် အလွန်အဆင်ပြေလှသည့် ကွင်းကြီး ဖြစ်သည်။
..........................................
Johannesburg City
တောင်အာဖရိကနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အခြားစိတ်ဝင်စားဖွယ် နေရာများဖြင့် ပြည့်နှက်နေသည့်မြို့ဖြစ်ပြီး လူဦးရေ သုံးသန်းကျော် နေထိုင်သည်။
ပရိသတ်ပေါင်း ခြောက်သောင်းနှစ်ထောင်ဆန့်ပြီး ယခင် ငါးသောင်းခုနှစ်ထောင်ဆန့်သော အဆိုပါ ကွင်းကြီးကို ပြန်လည် ပြုပြင်ထားသည့် ကွင်းကြီး ဖြစ်သည်။ ၂၀၀၉ခုနှစ် ဖီဖာ ကွန်ဖဒရေးရှင်းဖလား ပြိုင်ပွဲအဖြစ် ဘရာဇီးနှင့် အမေရိကန်အသင်းတို့၏ နောက်ဆုံးဖိုင်နယ်ပွဲအား လက်ခံ ကျင်းပပေးခဲ့ဖူးပြီး ဂျိုဟန်ဘတ်ခ်ျမြို့၏ မြို့လယ်ကောင်တွင် တည်ရှိသည်။ အဆိုပါ ကွင်းကြီးကို ၁၉၂၈ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ပြန်လည် မွမ်းမံမှုများ ပြုလုပ်ခဲ့ကာ ထိုစဉ်က JD Ellisဟု အမည်တွင်ထားကာ ၁၃ဧက ကျယ်ဝန်းသည်။ တောင်အာဖရိက နိုင်ငံသားများ၏ အသည်းနှလုံးဟု တင်စားထားသော အဆိုပါကွင်းကြီးတွင် ကမ္ဘာ့ဖလား ရပ်ဘီပြိုင်ပွဲကိုလည်း ကျင်းပဖူးကာ ၁၉၉၅ခုနှစ်တုန်းက နယူးဇီလန်အသင်းသည် ဖလားကိုင်မြောက်ခဲ့ဖူးသည်။
Soccer City Stadium
အဆိုပါ ကွင်းကြီးတွင် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် နောက်ဆုံးဖိုင်နယ် ပိတ်ပွဲအား ကျင်းပသွားမည် ဖြစ်ကာ အာဖရိကန်သားတို့ရဲ့ အကောင်းဆုံသောအနုပညာရပ်များ စုဝေးရာ၊ အံဖွယ်ခန်းနားမှုများ ပေါင်းစည်းရာ ကွင်းကြီးအဖြစ် ဂုဏ်ဆောင်သည့် ၁၉၈၇ခုနှစ်တုန်းက တည်ဆောက်ခဲ့သည်ကို တစ်ခုလုံး အသစ်နီးပါး ပြန်လည် တည်ဆောက်ထားသော ကွင်းသစ်ကြီး ဟုလည်း ခေါ်ဆိုနိုင်သည်။ ပရိသတ်ပေါင်း ရှစ်သောင်းဆန့်ကာ ကိုးသောင်းလေးထောင်ခုနှစ်ရာအထိ တိုးချဲ့ထားသည်။
..........................................
Mangaung / Bloemfontein City

Free State Stadium
၁၉၅၂ခုနှစ်က တည်ဆောက်ခဲ့သော ကွင်းကြီး ဖြစ်ပြီး ပြန်လည် မွမ်းမံမှုများ ပြုလုပ်ကာ လူဦးရေ သုံးသောင်းရှစ်ထောင်မှ လေးသောင်းငါးထောင်ငါးဆယ်ရှစ်ဦးဆန့် ကွင်းအဖြစ် တိုးချဲ့ထားသည်။ အဆိုပါကွင်းကြီးကို အလယ်အလတ်တန်းစား အဆင့်မြင့်ထားပြီး ၂၀၀၉ခုနှစ် ကွန်ဖဒရေးရှင်းဖလားပြိုင်ပွဲ ကျင်းပစဉ်က စပိန်နှင့် အမေရိကန်အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲကို ထိုကွင်းတွင် ကစားခဲ့ကြသည်။
..........................................
Nelson Mandela Bay / Port Elizabeth City

ကီလိုမီတာ လေးဆယ်ကျော် ရှည်လျားသော ကမ်းခြေရှိသည့်မြို့ဖြစ်သည်။ လူဦးရေ တစ်သန်းကျော်နေထိုင်ပြီး နွေရာသီတွင် ၂၅-၁၇ဒီဂရီ စင်တီဂရိတ်သာ ၇ှိသည့်အတွက် အလွန်ပင် သမမျှတသော ရာသီဥတု ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ မော်တော်ကားစက်ရုံများနှင့် ခရီးသွားလုပ်ငန်း ထွန်းကားရာမြို့လည်းဖြစ်သည်။

..........................................
Nelspruit City

ဒတ်ခ်ျ မူရင်းဘာသာစကားဖြင့် မှည့်ခေါ်ထားသော မြို့ဖြစ်ပြီး စမ်းချောင်းဟု အဓိပ္ပါယ်ရသည်။ လူဦးရေ နှစ်သောင်းကျော်သာ ရှိပြီး မြေပြန့် မြေနိမ့်ဒေသတွင် တည်ရှိကာ မိကျောင်းများ ပေါများသည့် မြစ်ဝှမ်းလည်း တည်ရှိသည်။ နွေရာသီတွှု အပူချိန် ၂၉ဒီဂရီ စင်တီဂရိတ် ရှိပြီး စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်မှု လုပ်ငန်းများ ထွန်းကားသည်။

အဆိုပါ ကွင်းမှာလည်း အသစ်တည်ဆောက်ထားပြီး ၂၀၀၉ခုနှစ်က ပြီးပြတ်ကာ ပရိသတ် လေးသောင်းကျော်ဆန့်သည့် ကွင်းတစ်ကွင်းဖြစ်သည်။ အဆိုပါ ကွင်း၏ နာမည်မှာ siSwati ဟုဆိုသည့် လူမျိုးစုတစ်ခု၏ ဘာသာစကားဖြစ်ပြီး လူအများအပြား တစုတဝေးတည်းနေထိုင်ရာ နေရာငယ်လေးဟု အဓိပ္ပါယ်ရသည်။ ..........................................

လှပသော မြက်ခင်းစိမ်းပင်လယ်ဟု နာမည်ရှိကာ အနီးပတ်ဝန်းကျင်တွင် တောင်တန်းများဖြင့် ပြည့်နှက်နေကာ တမျိုးထူးခြားသည့် မြို့ဖြစ်သည်။ အဆိုပါ မြို့မှာလည်း မျှတသော ရာသီဥတုရှိကာ စိုက်ပျိုးရေးနှင့် စက်ရုံအလုပ်ရုံများဖြင့် စည်ကားသောလှသည်။

ပရိသတ်ပေါင်း လေးသောင်းငါးထောင်ကျော်ဆန့်သည့် ကွင်းကြီး ဖြစ်ပြီး သမိုင်းကြောင်း ကြီးလှသည့် ပိုလော့ဝိန်းမြို့တွင် တည်ရှိနေသည်။ ..........................................
Rustenburg City

အဆိုပါမြို့၏ နာမည်မှာ ဒတ်ခ်ျနာမည်ဖြစ်ပြီး တောင်အာဖရိကနိုင်ငံ၏ ကုန်းမြင့်ဒေသပိုင်းတွင် တည်ရှိကာ တောင်တန်းငယ်များ မြက်ခင်းစိမ်းများ ပေါများသော ဒေသတစ်ခု ဖြစ်ပြီး လူဦးရေ လေးသိန်းနီးပါး နေထိုင်သည့် တောင်အာဖရိကနိုင်ငံ၏ အနောက်မြောက်ပိုင်းမှ မြို့လေး ဖြစ်သည်။

အဆိုပါ ကွင်းမှာလည်း ၁၉၉၉တွင် စတင်တည်ဆောက်ကာ အသေးစားပြန်လည် မွမ်းမံမှုများ ပြုလုပ်ပြီး ၂၀၁၀ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ လူဦးရေ လေးသောင်းလေးထောင်ငါးရာကျော် ဆန့်သော အဆိုပါကွင်းတွင် ၂၀၀၁ခုနှစ်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် တောင်အာဖရိကအသင်းသည် ဘတ်ကီနိုဖတ်ဆိုအား (၂-၁)ဖြင့် အနိုင်ရသည့်ပွဲအား လက်ခံကစားခဲ့ဘူးပြီး ပြည်တွင်း ပရီးမီးယားလိဂ်ပွဲစဉ် အများအပြားကိုလည်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိသည်။
..........................................
Tshwane/Pretoria City

ဆောင်းရာသီတွင် ၂၀-၅ဒီဂရီစင်တီနှင့် နွေရာသီတွင် ၂၅-၃၀ဒီဂရီစင်တီ ရှိသော ထိုမြို့တွင် လူဦးရေ နှစ်သန်းနှစ်သိန်းကျော် နေထိုင်ပြီး စီးပွားရေးမြို့ဖြစ်သည်။ ကုန်းမြင့်တောင်တန်းများကြားတွင် တည်ထားသော မြို့ဖြစ်သည့် အားလျော်စွာ လှပသော မြို့တစ်မြို့ဖြစ်သည်။

တောင်အာဖရိကနိုင်ငံ၏ ရှေးအကျဆုံး ဘောလုံးကွင်း ဖြစ်သည်။ ၁၉၀၆ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၂၃ခုနှစ်တွင် ထပ်မံမွမ်းမံကာ ၁၉၄၈ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် တိုးချဲ့မွမ်းမံမှုကို ပြုလုပ်ကာ နောက်ဆုံးပြုပြင်မှုအဖြစ် ၂၀၀၈ခုနှစ်တွင် ကမ္ဘာဖလားအတွက် အဆင့်မြင့်တင်ခဲ့သည်။ ယခုအခါတွင် ပရိသတ်ဦးရေ နှစ်သောင်းဆန့်မှ လေးသောင်းကိုးထောင်ကျော်အထိ ဆန့်သည့် ကွင်းတစ်ကွင်း ဖြစ်သွားခဲ့ပြီး ၁၉၉၅ ကမ္ဘာ့ဖလားရပ်ဘီပြိုင်ပွဲနှင့် ၁၉၉၆ခုနှစ် အာဖရိကန်နိုင်ငံများ ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့သည်။
No comments:
Post a Comment