ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, May 30, 2010

“ကျနော် ဂျပိုး(သို့)Vampire”

ဘောလုံးပွဲ လာတော့မယ်တဲ့ဟေ့ ကိုယ့်နေရာ ကိုယူထားကြလို့ ကျနော်တို့ ခေါင်းဆောင်ကြီးက အမိန့်ပေးလိုက်ပါတယ်.. ကျနော်တို့ဟာ ဘောလုံးပွဲ ကြည့်သူတွေ မဟုတ်ကြပါဘူး.. ဘောလုံးပွဲလာကြည့်တဲ့ သူတွေကို သွေးစုတ်လေ့ရှိတဲ့ သွေးစုတ်ကောင်တဖြစ်လဲ..အခုတီဗွီအစီစဉ်မှာ လာနေတဲ့ Vampires လို့တောင်ပြောလို့ရတဲ့ ဂျပိုးတွေဖြစ်ကြပါတယ်..

ဘောလုံးပွဲဟာ စတင်ကစားနေပါတယ်..ပွဲကတော့ ချဲလ်ဆီး--၀ီဂန်ပွဲ လို့ကျနော် အကျယ်ကြီးပြောလိုက်သံ ကိုကြားလိုက်ပါတယ်… ကျနော်ဟာ ထိုင်ခုံတခုရဲ့ ထောင်လေးမှာ ကပ်ပီး ဒီထိုင်ခုံကိုလာထိုင်မဲ့သူကို စောင့်နေပါတယ်.. အဲဒီအချိန်မှာ ချဲလ်ဆီးအသင်းအားပေးသူလို့ထင်ရတဲ့ သူပခုံးပေါ်မှာလည်း ချဲလ်ဆီးအသင်း အင်္ကျီလေးကိုတင်ထားတဲ့ ကောင်လေးတယောက် ကျနော့်ထိုင်ခုံမှာ လာထိုင်ပါတယ်…

ကျနော်တို့လည်း ဒီအခန်းမှာ နေလာတာကြာတော့ ဘယ်ဘောလုံးအသင်းက ဘာရောင်ဝတ်တယ် ဘယ်သူတွေဆိုတာတောင် အနည်းငယ် မှတ်မိနေကြပါတယ်…အမယ် သူပခုံးက ချဲလ်ဆီးအသင်းအကျီမှာ ရေးထားတာ လမ်းပတ်ဆိုပဲဗျ...


ကျနော်အရမ်းပျော်သွားပါတယ်… ကျနော်သွေးစုပ်ရတော့မယ်မဟုတ်လား.. ဒီလိုဘောလုံးပွဲလာတဲ့ နေတွေဆို ကျနော်တို့ အမျိုးတွေ တော်တော် ပျော်ကြပါတယ်.. ဘာလို့လဲဆိုတော့ မတူညီတဲ့ သွေးအမျိုးအစားပေါင်းစုံကို သောက်သုံးရလို့ပါပဲ.. ဒါပေမယ့် ကျနော်တို့အတွက် အန္တရာယ်လည်း အရမ်းကြီးပါတယ်.. ဘာလို့လဲဆိုတော့ တချို့ကျနော်တို့ အမျိုးတွေဆိုရင် သွေးစုတ်နေရင် အဖမ်းခံရပီး လူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရလိုပဲဖြစ်ပါတယ်.. 


ဟိုတနေ့ကပဲ ကျနော့်သူငယ်ချင်းတကောင် အသတ်ခံရတာကို မျက်မြင်ကိုယ့်တွေ တွေ့လိုက်ရပါတယ်…ကျနော်တို့အနေနဲ့ ဒီလိုအသတ်ခံရမှာကိုကြောက်နေလို့တော့ မဖြစ်ပါဘူး.. ကိုယ့်ရဲ့ဝမ်းစာကလည်း ရှိသေးတယ်မလား.. ဘယ်လိုပဲဖြစ်ဖြစ် အသက်သာအသေခံလိုက်မယ်.. သွေးကတော့ စုပ်မှာပဲဆိုတာ ကျနော်တို့ပေါ့....


ကဲကျနော်ယခု ကောင်လေးကိုသွေးစုတ်ဖို့ ကြံနေပါတယ်… ဘောလုံးပွဲကလည်း အရှိန်မြင့်နေတယ်ထင်တယ်ဗျာ… ချဲလ်ဆီးအသင်းက တဂိုးပီးတဂိုးသွင်းနေတာကို ကြားရပါတယ်… ကောင်လေးကတော့ အားပေးနေတာ ဘာမှသတိမထားနိုင်ပုံမပေါ်ပါဘူး.. ကျနော်ဟာ ထိုင်ခုံခြေထောက်လေးအတိုင်း အောက်ကို ဆင်းလိုက်ပါတယ်.. မဆင်းလို့လဲမရပါဘူး ဒီကောင်လေးက ဂျင်ဘောင်းဘီ ကွာတားဝတ်လာတာဆိုတော့ ကျနော့် အစွယ်တွေက အသားထိမထိုးဖောက်နိုင်ဘူးပေါ့ဗျာ.. 

သူ့ခြေသလုံးနားရောက်တော့ ကျနော့်ဟာ အသားပြင်ကြီးကို တွေ့လိုက်ပါတယ်… အဲဒါနဲ့ အားပါးတရ ကျနော့်အစွယ်နဲ့ ထိုးလိုက်ပါတယ်.. ကောင်လေး သိပုံမပေါ်ဘူး.. ကျနော်လည်း ပထမအဆင့်အောင်ပီဆိုတော့ ဒုတိယအဆင့်အနေနဲ့ သွေးတွေကို စတင်စုတ်ယူလိုက်ပါတယ်.. ကောင်းလေးကတော့ အေးဆေးပဲဗျာ….


တကယ်တမ်းတွေးကြည့်ရင် ဒီလူတွေဘာလို့ ကျနော်တို့ကို သွေးတစက်တောင်မပြည့်တာကို မပေးချင်ကြလည်း ကျနော်တွေးလို့မရဘူးဗျာ… ကျနော်တို့အနေနဲ့ သူတို့ကို ဘာရောဂါမှ ထူးထူးဆန်းဆန်း မပေးပါဘူးဗျာ.. ထားပါတော့လေ ကျနော်ဟာ ကောင်လေးရဲ့သွေးတွေကို စုတ်လို့ဝသွားတဲ့အချိန်မှာ ခဏနားလိုက်ဦးမယ်ဆိုပီး သူ့ဂျင်ဘောင်းဘီ အစပ်လေးမှာ ခဏ၀င်ခွေနေလိုက်ပါတယ်… 


ကျနော့်ခဏဟာ ဘယ်လောက်တောင်ကြာသွားလည်းမသိပါဘူး ကျနော်အိပ်ပျော်သွားပါတယ်… ကျနော်ကို လန့်နှိုးသွားစေတာကတော့ ဘောလုံးပွဲပီးသွားလို့ နိုင်သွားတဲ့ ချဲလ်ဆီးအသင်းပရိတ်သတ်တွေ အော်သံကြောင့်ပါပဲ.. သူတို့အသင်း ဖလားရသွားတယ်လို့ ကျနော်ကြားလိုက်ပါတယ်… 

ဒီအခန်းထဲမှာလည်း ဘောလုံးပွဲလာချိန်ဆိုရင် မန်ယူပရိသတ်တွေနဲ့ ချဲလ်ဆီးပရိတ်သတ်တွေရဲ့ ငြင်းခုံသံ မထိတထိပြောသံများကို ကျနော်တို့ကြားနေရပါတယ်… အော်လူတွေလူတွေ တယ်လည်း ခက်တယ်နော်ဗျာ…


ပွဲကပီးသွားတော့ ကောင်လေးဟာ ထိုင်ခုံကထလိုက်ပါတယ်.. ကျနော်လည်း ဆင်းဖို့လုပ်နေတုန်းမှာ မမှီတော့ပါဘူး.. အဲဒါနဲ့ သူ့ဘောင်းဘီအစပ်လေးမှာ တွဲလောင်လေး ခိုကပ်ပါသွားပါတော့တယ်… ကျနော့်အတွက်တော့ ဘ၀နိဂုံးပေါ့ဗျာ….
……………………………………………………………………………………………………………………………..
ကျနော်ဟာ ဘောလုံးပွဲလာရင် ကျနော့်သူငယ်ချင်းအခန်းမှာ သွားကြည့်လေ့ရှိပါတယ်… အထူးသဖြင့် ကျနော်အားပေးတဲ့ ချဲလ်ဆီးအသင်းလာတဲ့နေ့တွေ ဆိုရင်ပေါ့…

ဝါသနာအရမနေနိုင်လို့သာ သွားကြည့်ရတယ် ကြောက်တော့ အကြောက်သားဗျ… ဘာလို့လဲဆိုတော့ အဲခန်းမှာ ဂျပိုးရှိတယ်ဆိုတာ နာမည်ကြီးနေလို့ပေါ့ဗျာ.. 


ကျနော်ကလည်း ဘောလုံးပွဲလာတဲ့အချိန်ဆို အားလုံးကို မေ့နေတာဗျ…ဘာကိုမှ သတိမထားနိုင်တော့ပဲ ကိုယ့်အသင်းကို အားပေးနေတာပေါ့ဗျာ… ဒါပေမယ့် ဘောလုံးပွဲပီးသွားရင်တော့ ကျနော့်အခန်းကို တန်းဝင်လေ့မရှိပါဘူး..

ရေချိုးခန်းထဲကိုအရင်ဝင်ပီး ဘောလုံးပွဲကြည့်လာတဲ့ အ၀တ်စားတွေကို အသေချာခါတာပေါ့ဗျာ… မခါလို့လည်းမရပဲကိုဗျ.. ဒီဂျပိုးဆိုတဲ့အကောင်က ကပ်ပါးကောင်ဆိုတော့ မတော်လို့ ကျနော်အခန်းကို ကပ်ပါလာပီး မျိုးပွားနေမှာဖြင့်မခက်ပေဘူးလား.. အဲဒါကြောင့် ကျနော့်မှာ ဘောပွဲကြည့်ပြန်လာရင် အကျီတွေကို ဘောင်းဘီတွေကို ရှာဖွေရေးပြုလုပ်ရပါတယ်..


ဒီနေ့တော့ ကျနော်ပဲကံကောင်းတာလား ဂျပိုးပဲကံဆိုးတာလားတော့မသိဘူး ကျနော့်ဂျင်းဘောင်းဘီအနားစပ်လေးမှာ ကပ်နေတဲ့ သကောင့်သားကို တွေ့လိုက်ပါတယ်ဗျာ.. ကျနော်လည်း အောင်နိုင်သူအပြုံးနဲ့ ဖမ်းလိုက်ပါတယ်.. အမယ် ဒီကောင့်ကြည့်ရတာ ကျနော့်သွေးကို အားပါးတရ စုတ်ထားပုံပဲ ရဲနေတာပဲ..

ဒီကောင်တွေက သွေးမစုတ်ရရင် ဖြူဖတ်နေတာမလား.. ကျနော်လည်း ဒီကောင့်ကို ဖမ်းပီး ကျနော်နေတဲ့ ၁၄ ထပ်အခန်းကနေအောက်ကို ပစ်ချလိုက်ပါတော့တယ်…… 

အမျှ အမျှ အမျှ ဂျပိုးရေ….


(အခန်းကနေ အောက်ကို ပစ်ချလိုက်တဲ့ ဂျပိုးတကောင်နေရာမှ အနည်းငယ်ခံစားသည်)

No comments: