ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကိုးဦးသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်(စနေနေ့)၊ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ပါသည်။
ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးတွင် အနာဂတ်ဖွဲ့စည်းပုံ အုပ်ချုပ်ရေးအတွက် အခြေခံဥပဒေကိစ္စများ ဆွေးနွေးနေစဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များ
စဉ် | အမည် | ရာထူး |
၁။ | ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) | ၀န်ကြီးချုပ် |
၂။ | သခင်မြ (၁၈၉၇-၁၉၄၇) | ပြည်ထဲရေးဝန်ကြီး |
၃။ | ဦးဘချို (၁၈၉၄-၁၉၄၇) | ပြန်ကြားရေးဝန်ကြီး |
၎။ | ဦးရာဇတ် (၁၈၉၈-၁၉၄၇) | ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး |
၅။ | ဦးဘ၀င်း (၁၉၀၁-၁၉၄၇) | ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး |
၆။ | မန်းဘခိုင် (၁၉၀၃-၁၉၄၇) | စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး |
၇။ | မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) | အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး |
၈။ | ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) | လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန် |
၉။ | ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) | ပညာရေးဝန်ကြီး၏သက်တော်စောင့် |
No comments:
Post a Comment