ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Tuesday, July 20, 2010

“ဂဠုန်ဦးစော”


ဦးစောကို ၁၉၀၀ ခုနှစ် မက်လ ၁၆ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာတွင် မွေးဖွားခဲ့သည်။

မိဘများမှာ ဦးဖိုးကြူးနှင့် ဒေါ်ပန်းတို့ဖြစ်ကြသည်။

မွေးချင်းလေးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။

ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနာပြုကျောင်းတွင် သတ္တမတန်းထိ ပညာသင်ကြားခဲ့သည်။

သူ၏ အတန်းပညာမှာ သတ္တမတန်းသာနောက်ဆုံးဟု သိရသည်။

ဆက်လက်ပြီး အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွားရောက်ကာ အင်္ဂလိပ်စာသင်ခဲ့သည်။

၁၉၂၇ခုနှစ် အသက် (၂၇) နှစ်မှာ တတိယတန်းရှေ့နေ စာမေးပွဲဝင်ဖြေဆို အောင်မြင်ကာ ရှေ့နေလုပ်ခဲ့သည်။



ဦးစော၏ ဇနီးနာမည်မှာ ဒေါ်သန်းတင့်ဖြစ်သည်။

၁၉၃၄ ခုနှစ်တွင် ရန်ကုန်မြူနစ်စပယ်လူကြီးအဖြစ်ဆောင်ရွတ်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်ကြီး၏ ဗိုလ်ချုပ်အဖြစ်ဆောင်ရွတ်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွတ်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် ရွှေကျင်ဦးပုခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရတွင် လယ်ယာနှင့်သစ်တောရေးရာ ၀န်ကြီးအဖြစ်ဆောင်ရွတ်ခဲ့သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် နန်းရင်ဝန် ရွှေကျင်ဦးပုအား အယုံအကြည်မရှိ အဆိုကိုတင်သွင်းပီး ဦးကျင်ကို ဖြုတ်ချကာ ဦးစောကိုယ်တိုင် နန်းရင်ဝန်(၀န်ကြီးချုပ်) ရာထူးဖြင့် အစိုးရအဖွဲ့အား ဦးဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ဗြိတိသျှအစိုးရ ဖိတ်ကြားချက်ရ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ချုပ်ဆိုသော အောင်ဆန်းအက်တလီ စာချုပ်ကို ထိုစဉ်က အဖွဲ့ဝင်အဖြစ်လိုက်ပါသွားခဲ့သော သခင်ဗစိန်နှင့်အတူ ဦးစောက လက်မှတ်ထိုးဖို့ ငြင်းဆိုပြီး စာချုပ်ကို ကန့်ကွက်ခဲ့သည်။

မြန်မာပြည်ပြန်ရောက်ပီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွက် သခင်ဗစိန်နှင့်အတူ နန်းရင်ဝန်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

အစိုးရအဖွဲ့မှ နုတ်ထွက်ပီး သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ “မဟာဗမာ” အဖွဲ့ကို ဖွဲ့စည်း၌ ဖဆပလ အတိုက်အခံဖြစ် ဆောင်ရွတ်ခဲ့သည်။

ထိုစဉ်က မဟာဗမာ အဖွဲ့ကို “စောစိန်မော်”  ဂိုဏ်းဟု ကင်းပွန်းတပ်ခံရသည်ဟု မှတ်သားခဲ့ရသည်။



၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဦးစောသည် သူ့၏နောက်လိုက် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး များကို လုပ်ကြံရန်စေခိုင်းခဲ့သည်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရပီး ၄င်းနေ့ ညနေပိုင်းမှာပင် ဦးစောနှင့်အပေါင်းအပါများအား ဖမ်းဆီးခြင်းခံရသည်။

လုပ်ကြံမှု့ ပြစ်မှု့ထင်ရှားသဖြင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ် စီရင်ချက် ချမှတ်ခြင်းခံရသည်။

ထို့နောက် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ အာရုဏ်တက်ချိန် မနက် ၅ နာရီခွဲတွင် ကြိုးပေးခြင်ခံရသည်။

ဦးစော၏ ရုပ်ကလပ်ကို အင်းစိန်ထောင်အနီးရှိ ပေါက်တော သချိုင်္င်းတွင် မြေမြုတ်သဂြိုလ်ခဲ့သည်။

မြန်မာဝီကီပိဒိယ မှ ကိုကားရေးသားသည်။(http://my.wikipedia.org/wiki/%E1%80%82%E1%80%A0%E1%80%AF%E1%80%94%E1%80%BA%E1%80%A6%E1%80%B8%E1%80%85%E1%80%B1%E1%80%AC)

No comments: