ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Thursday, September 23, 2010

“တို့တိုင်းပြည်”



ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီပုထိုး၊ စပါး များလည်း များ၏.
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲတာသာ ကာလကြာလျင်
ရာဇကာမြို့ တငြိုးငြိုးနှင့်
ပုထိုးမြေမောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် မစားလေရ
ဝမ်းမ၀၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း…

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲတာသာ ကာလကြာလျင်
မြင်သာမြင်ရ မစားရ၍
တောကပြိသာ ဖြစ်မည်တည်း….

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျော့လုံးလ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြှောင် ဥာဏ်များမြှောင့်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေတော့
ဤမြေဤယာ ဘယ်သူ့ယာလည်း
ဤယာစပါး ဘယ်သူ့စပါးလည်း
ထလော့တာဝန် ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း တ၀န်းတစေ  ညီစေသတည်း…..

(၁၉၃၅ ခုနှစ်တွင် ဆရာဇော်ဂျီ ရေးသားခဲ့ပါသည်..စာလုံးပေါင်းသတ်ပုံမှားသွားပါက ကျနော့်အားနည်းချက်ကြောင့်ဖြစ်ပါသည်)

No comments: