သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိမှု့ကတော့ တေးဂီတအမျိုးမျိုးဟာ ကားမောင်းသူတွေကို ဂရုတစိုက်မောင်းနှင်စေဖို့(သို့မဟုတ်) အန္တရာယ်ဖြစ်စေနိုင်ဖို့ တနည်းမဟုတ်တနည်း သက်ရောက်မှုရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။
တေးဂီတအမျိုးမျိုးဆိုတဲ့နေရာမှာ အေးအေးငြိမ့်ငြိမ့်သံဇဉ်များနှင့် ဆူညံပေါက်ကွဲသံဇဉ်များ အမြန်ဆိုသောသံဇဉ်များ ပါဝင်ပါတယ်။
ကားမောင်းသူများကို လေ့လာစမ်းသပ်မှု့အရ အေးဆေးသောသံဇဉ်များကို နားထောင်ပီး ကားမောင်းသူများသည် အန္တရာယ်ကင်းစွာ မောင်နှင်နိုင်ကြောင်းတွေ့ရှိရပြီး၊ ဆူညံပေါက်ကွဲသံဇဉ် များကို နားထောင်သော သူများသည် ကားမောင်းနှင်ရာတွင် အမှားများလုပ်မိကြကြောင်း တွေ့ရှိခဲ့ကြသည်။လေ့လာမှု့ရလဒ်ကတော့ သံဇဉ်အေးအေးလေးတွေကိုနားထောင်တက်သော ကားမောင်းသူများသည် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြောင်းတွေ့ရသည်။
အပြန်အလှန်အားဖြင့် ဆူညံ အမြန် ပေါက်ကွဲသံဇဉ်များကိုနားထောင်တက်သော ကားမောင်းသူများသည် ကားမောင်းရာတွင် အန္တရာယ်ဖြစ်နိုင်ကြောင်းတွေ့ရသည်။
ထိုကြောင့် ကားမောင်းတက်သော စာဖတ်သူအနေဖြင့် ကားမောင်းနေစဉ် သီချင်း၊တေးဂီတ နားထောင်ရတာကို ကြိုက်နှစ်သက်ပါက ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် သီချင်း၊တေးဂီတများကို ရွေးချယ်နားထောင်နိုင်စေရန် တိမ်ဖြူမှ အကြံပြုလိုက်ပါသည်...
No comments:
Post a Comment